ကောင်လေးက အပြင်ပမ်းကြမ်းပေမယ့် အတွင်းစိတ်ကဖြူစင်ပုံမို့သာ ဘာမှမပြောတာ

ဒီခေတ်မှာအကုန်လုံးက ဟန်ဆောင်ချိုပြနေကြတာ ဒီကလေးလို ဟန်မဆောင်တတ်သူမျိုးကရှားတယ်မဟုတ်လား
ဆက်ဆံရခက်တယ်ဆိုပေမယ့် သူ့သားမှာဒီလိုသူငယ်ချင်းမျိုးလေးရှိတာလဲ မဆိုးလှပါဘူးလေ
.......

သူငယ်ချင်းတွေ!

သူတို့ရဲ့အပေါင်းအပါတွေလား ...

ဒါမှမဟုတ် သူတို့ထပ်လိမ်ထားတဲ့သူတွေလား...

အပေါင်းအပါဆိုရင် ရှောင်ကျန့်နဲ့တကယ်ရင်းနှီးသူတွေပေါ့
သူ့လိုတခဏခင်ပြတာမဟုတ်ဘူးပေါ့

ထပ်လိမ်ထားတဲ့လူတွေဆိုရင်လည်း
သူက တဦးတည်းမဟုတ်ဘူးပေါ့

လိမ်ခံရတာတောင် ကိုယ့်ဆီပဲဦးတည်တာမဟုတ်ပဲ
ရောကောသောကော လိမ်ခံရတာပေါ့

ရီပေါ် အရှေ့ကသဲအိတ်ကိုသာ ထပ်ခါထပ်ခါဖိထိုးနေမိသည်

သောက်ရေးမပါလိုက်တာ

တဖွဲ့လုံး ရဲလက်အပ်ပစ်ရမယ်
ထောင်ထဲမှာ တသက်လုံးနေလိုက်ကြ...
တယောက် တထောင်စီကို ခွဲပို့ခိုင်းပစ်မယ် ...
.......

"ကျစ် င်္အကျီအသားကလဲညံ့လိုက်တာ.."

"ကောပဲ အပေါစားဝယ်ခဲ့ဆို..."

"တော်ရုံဆိုရပြီလေ အမှိုက်ပုံကများကောက်လာလား
ငါ ဝတ်လို့ကိုမရဘူး.."

"ရီပေါ်ရာ ဝတ်နေကြပဲဝတ်စမ်းပါ
လာမေးရင် အဟောင်းထည်လို့ပြောလိုက်..."

"ဟုတ်သားပဲကော ... အဲ့လိုပဲပြောလိုက်လေ..."

ကျန်းချန်ပြောမှ လိုက်ယောင်နေတဲ့ ကျင်းလင်ကို စိုက်ကြည့်ပေးလိုက်သည်

"သူတို့အကြောင်းသာ မြန်မြန်စုံစမ်းစမ်းပါ..."

"အရင်လိုပဲ ရိုက်နှက်မေးလိုက် ပြီးနေပြီဟာကို ..."

ဒီသောက်ကလေးကို ကျန်းချန်တို့ပဲ အမြန်ပါးစပ်ပိတ်လိုက်ရတယ်

"နောက်ကျနေပြီဆို ရီပေါ်
မြန်မြန်သွား.."

ဟိုကထွက်သွားမှပဲ

သူဆင်းရဲလေး ကျွန်တော့်ချစ်သူWhere stories live. Discover now