"အောက်ဆင်းပြီးတော့အဲ့က‌လေးကိုငါ့ဆီခေါ်လာခဲ့"
ပြတ်သားတဲ့လေသံနဲ့ပြောလိုက်တာကြောင့် တစ်ဖက်လူလည်းအမိန့်ကိုလက်ခံပြီး သူ့ခေါင်းညိတ်ပြကာအခန်းထဲကထွက်လာလေသည်။

.........

.........

.........

ထိုးကြိတ်ပြီးကန်နေတဲ့အသံတွေကဆက်တိုက်ထွက်လာကာ လူငယ်လေးကလည်းသူ့ဘောင်းဘီအိတ်ကပ်ထဲကပိုက်ဆံတွေကို ယူသွားဖို့အတွက်ငြင်းဆန်နေလေသည်။

"ရပ်လိုက်စမ်း"
လူတစ်ယောက်အသံကထွက်လာတာကြောင့် ၁၇နှစ်အရွယ်ကောင်လေးကို ဝန်းရံထားကြတဲ့သက်လက်ပိုင်းအရွယ်လူအုပ်စုက လှည့်ပြီးတော့ကြည့်လိုက်ကြလေသည်။

"ဝင်မရှုပ်စမ်းနဲ့"
လေးယောက်ထဲကတစ်ယောက်ကအော်ပြောလိုက်တာနဲ့ အရပ်ရှည်ရှည်နဲ့လူတစ်ယောက်သေနတ်ကိုထုတ်လိုက်ပြီးတော့ လျှောက်လာကာအေးတိအေးစက်မျက်နှာထားနဲ့ အစောပိုင်းကစကားပြောလိုက်တဲ့သူရဲ့ခေါင်းကို သေနတ်နဲ့ချိန်ထားလိုက်လေသည်။

"ငါ့ရဲ့ကျည်ဆန်ကိုမဖြုန်းတီးချင်စမ်းနဲ့"
အရပ်ရှည်ရှည်နဲ့လူငယ်လေးကပြောလိုက်တော့ တစ်ခြားလူလေးယောက်ကစိုက်ကြည့်လာလေသည်။

"မင်းကဘယ်သူလဲ? ပြီးတော့ဘာလို့ငါတို့ကိစ္စထဲကိုဝင်ပါနေရတာလဲ?"
သူ့စိတ်ထဲမှာအကြောက်တရားကရှိနေပေမဲ့လည်း သူ့ခေါင်းကိုသေနတ်နဲ့အချိန်ခံထားရတဲ့လူက ထုတ်မေးလိုက်လေသည်။

"ငါဘယ်သူလဲဆိုတာကိုမင်းတို့သိစရာမလိုပါဘူး ဒါပေမဲ့ငါ့သူဌေးကအဲ့ကလေးကိုတွေ့ချင်နေတယ် အဲ့တော့မင်းတို့တွေဖယ်ပေးလိုက်တော့"
အရပ်ရှည်ရှည်နဲ့လူငယ်လေးကအေးစက်စက်ပဲပြောသည်။

"မင်းရဲ့သူဌေးကဘယ်သူလဲ? ဘာလို့ငါတို့ကမင်းစကားကိုနားထောင်ရမှာလဲကွ"
တစ်ခြားတစ်ယောက်ကပြောသည်။

"အဲ့ဒါငါပဲ"
အပေါ်ထပ်ပြတင်းပေါက်ကနေပြီးတော့ ပြတ်သားတဲ့လေသံကထွက်ပေါ်လာတာကြောင့် အကုန်လုံးမော့ကြည့်လိုက်တဲ့အချိန်မှာ အေးစက်စက်မျက်နှာထားနဲ့စူးရှတဲ့အကြည့်တွေကို ရင်ဆိုင်လိုက်ရသည်။ သူကလက်နှစ်ဖက်ကိုပိုက်ထားပြီးတော့ သုံးလွှာမှာရှိတဲ့ပြတင်းပေါက်ကနေ လမ်းကြားထဲကလူအုပ်စုကို စိတ်အေးလက်အေးကြည့်နေလေသည်။

A Triple Affair (Unforgotten Night)Where stories live. Discover now