ကမ္ဘာအကို့ စိတ်​ကို ပိုင်​ဖို့ ကြိုးစားရဦးမည်​...။...senorita စိတ်​ထဲက သိမ်​ငယ်​မူ​တွေကို daddy တိုက်​ထုတ်​နိုင်​ခဲ့သလို ကမ္ဘာလည်း အကို့အတွက်​ ကြိုးစားရမည်​...။...daddyလို ကြမ်းကြမ်းတမ်းတမ်းနည်း​တွေနဲ့ မဟုတ်​ပဲ နူးညံ့ခြင်းအတိပြီး​သော နည်းလမ်း​တွေနဲ့...။

"ကမ္ဘာ..."

ယောဟန်​ ညစာအတွက်​ ပြင်​ဆင်​ပြီး ​ကောင်​​လေးရှိရာ အခန်းသို့ လိုက်​လာခဲ့၏...။...အိမ်​​လေးက တစ်​ထပ်​အိမ်​​လေးကို ​နေချင်​စဖွယ်​​လေး။ ​အပြင်​ပိုင်းတွင်​ အဖြူ​ရောင်​တိုက်​အိမ်​ငယ်​​လေးဖြစ်​​ပေမယ့်​ အတွင်းပိုင်းကို​တော့ ကျွန်းသား​တွေသာ အသုံးပြုထား၏...။...ဧည့်​ခန်းရှိ ပရိ​ဘောဂများ...ဗီရိုများ တံခါးများကအစ ကျွန်းသား​တွေ။...

အိမ်​အ​ရှေ့ဘက်​တွင် ​မြေနီစင်္ကြန်​လမ်းပုံစံမျိုးရှိပြီး ​ဘေးပတ်​ပတ်​လည်​တွင်​ ​ဒေစီ​တွေကို စိုက်​ပျိုးထား၏...။...အိမ်​​ဘေးတွင်​ သစ်​ခွပန်း​ မျိုးစိတ်​​တော်​​တော်​များများရှိပြီး ခ​ရေပင်​ ၃​ပင်​​​တောင်​ရှိ​သေးသည်​...။...အိမ်​အ​နောက်​ဘက်​တွင်​ သ​ပြေအပင်​တန်းကြီးရှိပြီး ကျွန်းပင်​တစ်​ချို့လည်း ရှိ၏...။...ကြီးမားသည့်​ ခြံကြီးကို​ကျော်​ပြီး မြို့ထဲအထွက်​ လမ်း၏ ထိပ်​တွင်​​တော့ နွားခြံကြီးရှိ၏...။...​ယောဟန်​တို့ လက်​ရှိ ​နေတဲ့ ခြံနဲ့ နွားခြံက လမ်း​လျှောက်​ရင်​ ၁၀မိနစ်​​လောက်​​ ​လျှောက်​ရမည့်​ အကွာအ​ဝေးမှာရှိ၏...။

ယောဟန်​ တစ်​လမ်းလုံး စိတ်​ပင်​ပန်းလာ​ပေမယ့်​ ဒီခြံ​လေးကို ​​ရောက်​တာနဲ့ ​အေးချမ်းခြင်းကိုသာ ခံစားလိုက်​ရ၏...။...ကား​လေး​ပေါ်မှ ဆင်းလာပြီး ​ကောင်​​လေးလက်​ကို ဆွဲပြီး ​​ဘေးပတ်​လည်​​ဒေစီ​တွေရှိသည့်​ ​မြေနီလမ်း​လေးကို တူတူ​လျှောက်​လိုက်​ရတဲ့ အခိုက်​အတန့်​​ကြောင့်​​လည်း ဖြစ်​မည်​...။

"အကို...ကျွန်​​တော်​ အခုပဲ အကို့ဆီလာ​တော့မလို့..."

"အင်း...ကိုယ်​ အကုန်​ပြင်​ဆင်​ပြီးလို့ ထမင်းစားဖို့လာ​ခေါ်တာ...ခုက ဘာလုပ်​​နေတာလည်း..."

You've reached the end of published parts.

⏰ Last updated: Jan 27 ⏰

Add this story to your Library to get notified about new parts!

No one but you(မင်းမှမင်းပဲ)Season2[ongoing]Where stories live. Discover now