Part 16:New Chapter

Start from the beginning
                                    

ကြည့်နေလိုက်ပါ .... ကျွန်တော်ဘယ်သူ့ကိုမှအားမကိုး
တော့ဘူး ....
ကျွန်တော်မပျော့ညံ့တော့ဘူး ... ဘာကိုမှလဲမကြောက်
တော့ဘူး
ရှင်သန်တော့မှာ .... ကိုယ်တိုင်

      " ကဲ .... ဒီနာရီကိုကြည့်နေပေးပါ "
နာရီလှုပ်ရာကိုကြည့်ရင်း ကျွန်တော်တစ်ဖြည်းဖြည်း
ချင်းအိပ်ပျော်သွားခဲ့တယ် ....
ဒီနေရာက ... အိမ်မက်ထဲမှာခဏခဏရောက်ခဲ့တဲ့
နေရာပဲ ....

       " Mine ..... "

Mine သွားတဲ့နောက်ကိုလိုက်သွားမိတယ်
မီးရောင်တွေအောက်မှာ ပျော်ရွှင်နေတဲ့သူ့ကို ခဏခဏ
မြင်ရပေမယ့် ဒီရင်ကနာကျင်နေတယ်

        " Mine ..... "
        " Chimon .... နင်ဘာလုပ်နေတာလဲ
ဟိုမှာငါတို့အတွက်အခန်းဖယ်ထားတယ် ... အဲ့မှာပဲ
ငါ့အကိုကိုစောင့်ကြရအောင် .... ဒီမှာဆူညံလွန်းတယ်"

ဒီအခန်းထဲမှာ သူဆံုးသွားတာတဲ့ ......
ဘာကြောင့်လဲ ..... ဘယ်ကစတင်ခဲ့တာလဲ

       " ငါသူတို့ကိုလိုက်ပြလိုက်ဦးမယ် ... နေနှင့်ဦး "
       " ရတယ် ..... ခဏနေ .... ကိုကိုလာတော့မှာ "
     
Chimon .... ပြန်လာခဲ့တော့...မျက်လံုးဖွင့်လိုက်တော့
ချက်ချင်းအိမ်မက်ကနေ အသက်ပြင်းပြင်းရှူပြီးနိုးထ
လာခဲ့တယ်

       " မင်း .... အသက်ရှူရခက်ပြန်ပြီမလား "
       " မတွေ့ခဲ့ရပြန်ဘူး ... ဘာလို့ အကြိမ်တိုင်းအဲ့လိုပဲ
ဖြစ်နေတာလဲ "
       " မင်းပြန်မမှတ်မိချင်တဲ့ အဖြစ်အပျက်ဖြစ်ခဲ့
တယ်ထင်တယ် .... နှစ်ပတ်တစ်ခါ ကုသမှုလုပ်တာ
တောင်မှတ်ညဏ်က ပြန်မရောက်လာဘူးမလား
မင်းပင်ပန်းရမယ့်အတူတူ ... မလုပ်နေပါနဲ့လား "
        " မဖြစ်ဘူး ... သိရမှဖြစ်မယ် ..... Mine ကို
ဘယ်သူသတ်ခဲ့တာလဲဆိုတာ ... တစ်ယောက်ယောက်
အတွက် ငါသိရမှဖြစ်မယ်
ငါမသိရမချင်း ငါဒါက်ိုဆက်လုပ်နေဦးမှာပဲ "

" ဘုတ်အဖွဲ့အစည်းအဝေးရဲ့ တရားဝင်မဲပေးမှုအရ
Chimon wachirawit ကအနိုင်ရရှိကြောင်းကြေငြာ
လိုက်ပါတယ် "

       " မင်း ...... "

ဒေါသတကြီးနဲ့ CEO ရုံးခန်းထဲကိုအတင်းဝင်လာတဲ့
အကို့ကို အစောင့်နှစ်ယောက်လောက်ကဝိုင်းဆွဲထား
လိုက်တယ် ....
       " ငါ့ဘဝကိုဖျက်ဆီးလိုက်လို့ မင်းအောင်မြင်သွား
ပြီထင်နေလား ..... "
      " လွှတ်လိုက်ပါ .... အခန်းထဲကထွက်သွားလို့ရပြီ "

Light Where stories live. Discover now