part-3 ( zawgyi)

Comincia dall'inizio
                                    

( ဥပမာ စာဖတ်သူတို့နဲ့ ခင်ဗျားလေးတို့
ရဲ့ crush လိုပေါ့ 😛 မြင်သာအောင်ပြော
ပြရုံပါနော် 😞 )

''အော် အေးပါကွယ် အိမ်ထဲမှာ ညည်း
ကြီးတော် ရှိတယ် ဝင်သွားလေ ဦးကြီး
တို့​ ခြံကိစ္စပြောလိုက်အုံးမယ် ''

''ဟုတ်ကဲ့ ဦးကြီး ''

ကလေးမက ရိုရိုသေသေလေး ထကာ
အိမ်ထဲဝင်သွားလေသည် ။

''လင်းရှိန် ''

''ခင်ဗျာ...''

''အတွေးမမှားစမ်းပါနဲ့ကွာ... နမ့်ခမ်း
လေးက လှရှာပါတယ်ကွာ သူ့ဟာလေး
နဲ့သူ...''

ဦးကြီးအပြောကို လင်းရှိန်စဉ်းစားကြည့်
ပေမဲ့ ဘာကိုပြောချင်းမှန်းတော့မသိ ။

''အဲ့တော့ ဘာလို့တုန်း ဦးကြီးရ ''

ဦးကြီးက ကျစ်တစ်ချက်သပ်ရင်း

'' ဒီကောင် တယ် အ သကိုး ငါလဲ မင်း
တို့အရွယ်ကို ဖြတ်သန်းခဲ့ရတာကွာ
အသစ်အဆန်းကို ခံစားကြည့်ချင်တာ
ကို သိတယ် ဒါပေမဲ့ ရေရှည်ကျ...''

နားထောင်ရင်းနှင့်မှ သဘောပေါက်
လာသည် က ဟိုလူနှင့်ကိစ္စပြောနေ
ခြင်းပင် ။

''နေပါစေ ဦးကြီး....  ဦးကြီးက
ကောင်းစေချင်လို့ပြောမှန်းကျူပ်သိ
ပါတယ်... ဒါပေမဲ့ ကျူပ်က ဒီတိုင်းပဲ
နေချင်တာ ''

ပြတ်သားစွာပြောတော့ ဦးကြီးကခေါင်း
တစ်ချက်ညိတ်ကာ ဘာမှဆက်မပြော
ချေ ။

''ဒါဆိုကျူပ်ပြန်တော့မယ် ဦးကြီး ''

''ဟေ အေးအေ ...နောက်တစ်ခါသွား
စရာရှိရင် ဝင်ခေါ်မယ်နော....''

''ဟုတ်ကဲ့... ''

လင်းရှိန် ခြံထဲကထွက်သွားသည်နှင့်
နောက်မှအပြေးတစ်ပိုင်းလိုက်သွား
သည်က နမ့်ခမ်းပင် ။ ဤကလေးမ
လေးသည် လင်းရှိန်နှင့်ပက်သက်လျင်
ရှက်ရကောင်းမှန်းလဲမသိရှာ.......။

ဒီယံရှင်းဆိုသည့်လူက စရောက်လာထဲ
က သူ့နာမည်က လွဲရင် ကျန်တာမည့်
သည်ကိုမှပြောပြခြင်းမရှိချေ ။ လင်းရှိန်
သည်လဲ အေးအေးဆေးဆေးနေတတ်သူ
မို့ မမေး ။ အခုဆို လင်းရှိန်ခြံထဲက ဂန္ဓာ
မာ ပန်းပင်တွေကြားထိုင်ကာ ပေါင်းမြက်
တွေနူတ်နေလေသည်  ။ ဒီလူဟာဘယ်
တော့မှ သူ့စကားကိုနားမထောင်ပါ ။ မ
သွားခင်က သေချာမှာခဲ့သည်ကို ငြိမ်ငြိမ်
မနေ ။

BLANK-ကွက်လပ်Dove le storie prendono vita. Scoprilo ora