ချိန်းထားတဲ့ အချိန်ကလည်း နောက်ကျနေမှာစိုးတာနဲ့ နောက်ဆုံး ဆန်း စိတ်ကိုလျှော့ပြီး လက်ထဲကအိတ်ကို အရောင်းဝန်ထမ်းဆီ ခဏအပ်ကာ မိုးဇက်ဘုံအိမ် အဝတ်လဲနေတဲ့ အခန်းထဲဝင်သွားလိုက်ရတော့သည်။

အထဲရောက်တော့ အခန်းကျဉ်းကျဉ်းလေးဖြစ်တာကြောင့်
ဆန်း နဲ့ ဟိုလူက သိပ်ဝေးဝေးနေလို့မရချေ။ဆန်း မျက်နှာက
မကြည်မလင်နှင့် အသံမာမာမေးလိုက်ပါသည်။

" ဘာဖြစ်တာလဲပြော "

"ဟို ငါ ဘောင်းဘီဝတ်တာ ဇစ်က "

မိုးဇက်ဘုံအိမ် က မျက်နှာငယ်ဖြင့် ဇစ်ဆွဲတဲ့ခေါင်းလေးကို လက်ဖြင့်ကိုင်ပြီး သူ့ကို မြှောက်ပြနေတော့မှ ဆန်းသဘော
ပေါက်သည်။ ဒီလူ ဘယ်လောက်တောင်အားနဲ့ဆွဲလိုက်လို့ ဘောင်းဘီဇစ်ပါ ပြုတ်ထွက်သွားရတာလဲ။
Brandကောင်းကောင်းရောင်းတဲ့ဆိုင်ကပဲ မကောင်းတဲ့အထည်ကို ရောင်းနေသလား ဘာပဲဖြစ်ဖြစ် ဆန်း အတွက်
စိတ်ညစ်စရာပါပဲ။

"အဲ့တာ ကျုပ်ကဘာလုပ်ပေးရမှာလဲ
ခင်ဗျားမှာပါးစပ်မပါဘူးလား ဇစ်ပြုတ်သွားရင်
ပြုတ်ကြောင်းပြောလေ "

" မိန်းကလေးလေ ..မိန်းကလေးရှေ့မှာ ဇစ်ပြုတ်နေတယ်
လို့ ဘယ်လိုပြောရမှာလဲ ပြီးတော့ သီအိုရီက ထွက်သွား
တယ်လေ။ ဒီဘောင်းဘီကိုလျော်ပေးရမယ်ဆိုရင် ငါ့မှာ
ပိုက်ဆံလည်းမပါလာဘူး အားနာလို့ "

ဆန်းက မိုးဇက်ဘုံအိမ် ရဲ့ အားနာနေတဲ့ မျက်နှာကိုကြည့်ရင်း
ရယ်လိုက်သည်။ အခန်းကျဉ်းထဲမှာပင် မိုးဇက်ဘုံအိမ်နှင့် နီး
အောင် တိုးသွားပြီး နံရံမှာလက်နှစ်ဖက်လုံး ထောက်ထားသည်။ သူနှင့် နံရံကြားတွင် ကပ်နေရသည့် ပိန်ပါးပါးလူက
အရပ်ကတော့ ဆန်းနဲ့ သိပ်မကွာချေ။ အသေချာကို ဆန်းက
လူကောင်ထွားပြီး အရပ်ပိုရှည်ပေမယ့်ပေါ့။

"ဟေ့လူ ..ခင်ဗျား စရောက်လာတဲ့နေ့တုန်းကလို
ကျုပ်ပါးစပ်ကို ဘယ်လောက်ပေးရင် ပိတ်လို့ရမလဲလို့
စွာခဲ့တယ်မလား အခုကျတော့ ဘာလို့ ကြောက်နေတာလဲ
ခင်ဗျားမှာ ဖွားဖွားကြီး ဆီကနေ ရထားတာတွေ ရှိနေတာ
ပဲလေ.. "

"သီအိုရီ .. ငါ ဖွားဖွားဆီကနေ ဘာကိုမှမတောင်းခဲ့ဖူးဘူး
ဘာလို့ ငါ့ကို အထင်လွဲနေရတာလဲဟင် ။ ငါသိသလောက်
ပြောရရင် သီအိုရီက ငါ့ကို အမြဲမုန်းနေတာ ငါ ဘာမှ အမှား
မလုပ်ဘဲနဲ့တောင်..."

You've reached the end of published parts.

⏰ Last updated: Feb 20 ⏰

Add this story to your Library to get notified about new parts!

"𝑻𝑯𝑬𝑶𝑹𝒀" (သီအိုရီက အရမ်းဆိုးတယ်) Where stories live. Discover now