Part-5🐰🐻🚨

En başından başla
                                    

"ခင်ဗျားအမိန့်ပေးတိုင်း လိုက်လုပ်ရမှာလား မဝင်နိုင်ဘူး ဒီနှင်းဆီပင်တွေ စိုက်ပြီးမှ ဝင်မယ်.."

"ကလေးကို ....ကိုယ်က   အမိန့်ပေးနေတာမဟုတ်ရပါဘူး....ကလေးတစ်ခုခုဖြစ်မှာဆိုးလို့ပြောနေတာ... "

"ဖြစ်ဖြစ် ကျွန်တော်ဖြစ်တာ ခင်ဗျားဖြစ်တာမှ မဟုတ်တာ....မဝင်နိုင်ဘူး..."

"တကယ် မဝင်ဘူးလား..."

"မဝင်ဘူး..."

"ok ရတယ်လေ ကောင်းကောင်းပြောလို့မှ မရရင်တော့ ကိုယ်လည်းအကြမ်းနည်းသုံးရတော့မှာပေါ့..."

ဂျောင်ဂုတစ်ယောက် ပြောပြောဆိုဆိုနဲ့ ထယ်ယောင်းကိုပွေ့ချီလိုက်ပြီး ထိုနေရာက ထွက်သွားတော့သည်။

ထယ်ယောင်းမှာ သူ့ကိုပွေ့ချီပြီး ထွက်သွားတော့ လက်သီးစုပ်လေးနှင့်ဂျောင်ဂုရင်ဘက်ကိုထုတော့သည်။

"ခင်ဗျားနော် ကျွန်တော့်ကို အခုချပေး မကောင်းတဲ့ လူကြီး....အခုချပေးလို့..."

"မချပေးဘူး အိမ်ထဲရောက်မှ ချပေးမယ် ကလေးကပြောလို့မှ မရတာ အဲ့တော့ကိုယ်လည်း ဒီနည်းပဲသုံးရတော့မယ်..."

ဂျောင်ဂုတစ်ယောက် ထယ်ယောင်းကို ရေချိုးခန်းထဲထိ ပွေ့ချီလာလိုက်သည်။ ပြီးနောက် ထယ်ယောင်းရဲ့ ညစ်ပတ်နေတဲ့ လက်တွေကို ဆပ်ပြာနဲ့သေချာဆေးကြောပေးလိုက်သည်။ အားလုံးပြောင်သွားမှ ထယ်ယောင်းကို အခန်းထဲ ပြန်ခေါ်လာသည်။

"ကလေး ရော့ အဝတ်အစားလဲလိုက် ၊အကျီ်တွေ မှာ ညစ်ပတ်နေတာပဲ..."

"မလဲဘူး ဒါပဲ ဝတ်ထားမှာ..."

"လုပ်ပြန်ပြီ ကလေးရယ် ကလေးကိုယ့်ကို ဘယ်အချိန်ထိ ကန့်လန့်တိုက်နေမှာလည်းပြော... "

"တစ်သက်လုံးတိုက်နေမှာပဲ ခင်ဗျားကြီးကိုမုန်းတယ် သိလား... "

ဂျောင်ဂုမှာ ထယ်ယောင်း မုန်းတယ်ပြောလိုက်၍ မျက်နှာလေး ငယ်သွားသည်။

"ကလေးရယ် ကိုယ်ဘာအမှားလုပ်မိလို့ ကိုယ့်ကိုမုန်းရတာလည်း ...."

"ဘာအမှားလုပ်မိလို့လည်း ဟုတ်လား ခင်ဗျားအမှားက မဂ်လာဦးညထဲက စမှားနေတာပဲ သိလား ခင်ဗျားဟာလေ မရခင်ကတော့ အသဲအသန်နဲ့ ရပြီးသွားတော့ ကျွန်တော့်ကို ဂျောင်ထိုးထားချင်တယ် ကျွန်တော်ခင်ဗျားကို လက်ခံလိုက်တာ သိပ်ဈေးပေါသွားလို့လား..."

𝗠𝘆 𝗟𝗶𝘁𝘁𝗹𝗲 𝗕𝗮𝗯𝗯𝘆Hikayelerin yaşadığı yer. Şimdi keşfedin