''နမ့်ကြားသားပဲ အိမ်အဝင်ထဲက ဦးကြီးပြော
ပါ... နမ့်ထက်ဘယ်သူကလှလို့လဲ နမ့်မြင်ဖူး
ချင်လို့.... တကယ်လှသပါ့ဆို ကွမ်းတောင်ကိူ
သူ့ကိုပေးကိုင်ပစ်ဦးမယ်... ''

သူ့ထက်ချောသည်ဆိုသည့်နေရာကိုပဲကွက်ကြား
သွား၍တော်သေးသည် ။ အမောင်လင်းရှိန်ကိစ္စ
ကို မယ်မင်းကြီးမ သိရင် မျက်လုံးယောင်သည်
အထိငိုပေအုံးမည် ။ အိမ်းးးး အခုခေတ်ကလေး
တွေ သိပ်ခက်ကြသည်ပဲ ။

''ညည်း ကြီးတော် ဒေါ်လှမေပေါ့...ဘယ်သူရှိ
ရမှာလဲ... ငါဖြင့်လူပျိုတုန်းကသူပြန်ကြိုက်
အောင်လို့ မယ့်က ရေခပ်ခိုင်းတာကိုမခပ်ပဲ
နဲ့သွားသွားပိုးရတာဗျာ....နောက်တော့မယ့်က
ငါ့ကိုနေ့တိုင်း ဗျောတီးလွန်းလို့ ညည်းတို့ကြီး
တော်က ငါ့ကိုသနားပြီးပြန်ကြိုက်လိုက်တာ
ဟော အခုဆို သားသမီး၅ယောက်နဲ့ တယ်.
ဟန်ကျသကိုး....''

ဦးကြီးက ပြောပြီးသဘောတကျပြုံးနေလေ
သည် ။ ဦးကြီးက အရီးဒေါ်လှမေကိုတကယ်
အဲ့လိုကြိုက်ခဲ့တာဖြစ်လောက်မည် ။ သူ့အမျိုး
သမီးမျက်နှာညိုးမည့် မည့်သည့်ကိစ္စမျိုးကို
မဆိုဝေးဝေးကရှောင်တတ်လေသည် ။ ဟိုလူ
ကရော ဘာတွေ မကြိုက်တာလဲ.....?

ဟင် မဟုတ်သေးပါဘူး ငါကဥိီးကွီးနဲ့အရီးတို့
လင်မယားကိစ္စတွေးနေရင်း အဲ့လူကိုပြေးမြင်
မိတာပါလိမ့် ။

ဤသို့ဖြင့် နမ့်ခမ်းသည်လဲရယ် ေမာရင်း
သူမထက်ချောသည့်လူအကြောင်းမေ့
သွားလေတော့သည် ။

'' နမ့်ခမ်းက ဘာကိစ္စရှိလို့တုန်းကွဲ့ ''

ဦးကြီးကသတိရသွားဟန်ဖြင့်မေးမှ နမ့်
ခမ်း က ဟိုကြည့် ဒီကြည့်ကာ

''ဟို...နမ့်က နွယ်တို့အိမ်ကိုလာတာရယ်
ဦးကြီး...ဲအဲ့ဒါ... လမ်းကြုံလို့ဝင်ခဲ့လိုက်ရယ်...''

အော်အေးပါကွယ် လမ်းကလဲ ကြုံတတ်
သကိုး ။ လင်းရှိန်က အိမ်ရောက်နေမှကြုံ
တော့သည် ။ အိုးကမပူ စလောင်းကပူဆို
တာ ဒါမျိုးဖြစ်လိမ့်မည် ။ ကြိုက်မရှက်
ငိုက်မရှက်ပေါ့လေ ။ နမ့်ခမ်းလေးက လိ
မ္မာယဥ်ကျေးသူဖြစ်သလို ရွာထဲတွင်
အလှဆုံးလေးဖြစ်သဖြင့် နှစ်တိုင်းကွမ်း
တောင် ကိုင်ရသူပင် ။ သို့သော် သူကြိုက်
နေသော လင်းရှိန်ကတော့ဖြင့် အဖက်ပင်
အလုပ်ချေ ။

BLANK-ကွက်လပ်Where stories live. Discover now