အပိုင်း (58)

Start from the beginning
                                    

နတ်ဘုရားထက်နိမ့်ပါးသော အရာမှန်သမျှက ပုရွက်ဆိတ်‌တစ်ကောင်ကဲ့သို့သာပင်၊ သူတို့က တခြားကမ္ဘာကနေပြီးတော့ လာခဲ့တဲ့ Pascalကဲ့သို့ စွမ်းအားကြီးနေရင်တော့ တစ်မျိုးပေါ့။  သို့ပါသော်လည်း Pascalကကျတော့ အရမ်းကို စွမ်းအားကြီးလွန်းတာကြောင့်၊ သူ့ကို ရည်ညွန်းပြဖို့တော့ မဖြစ်နိုင်ပေ။

နှစ်ပေါင်းထောင်ဆယ်ချီအောင် သက်တောင့်သက်သာနှင့် နေခဲ့ပြီးနောက်မှာ၊ ချီပိုင်ချာတစ်ယောက် ကိုယ့်ရဲ့ကိုယ်ပိုင်စွမ်းအားက  အမှန်တကယ် ဘယ်လောက်ပမာဏထိ ရှိလဲဆိုတာကို မသိတော့ပေ။

ရှားရှားပါးပါး သူနဲ့လယ်ဗယ်တူတဲ့ နတ်ဘုရားနဲ့လာတွေ့တာလေ၊ ဒါက ပြီးပြည့်စုံတဲ့ စံသတ်မှတ်ချက်ကြီးပဲ မဟုတ်ဘူးလား။

သဘာဝ၏နတ်ဘုရားက ဆုတောင်းနတ်ဘုရားထက်ပိုပြီးတော့ အင်အားကြီးတာက ဖြစ်သင့်ဖြစ်ထိုက်သော်ငြားလည်း၊ ဆိုးယုတ်ခြင်းနတ်ဘုရားက တခြားသော သာမန်ဆုတောင်းနတ်ဘုရားများနှင့် မတူပေ။တခြားသော ဆုတောင်းနတ်ဘုရားများက သက်ရှိတွေအပေါ် ယုံကြည်မှုကနေပြီးတော့ မွေးဖွားလာခဲ့ကြတာဖြစ်ပြီး၊ ထိုယုံကြည်ကိုးကွယ်မှုတွေ ပျောက်ကွယ်သွားချိန်ကျရင်၊ နတ်ဘုရားတွေလည်းပဲ နတ်သက်ကြွေသွားရ၏။ ဆိုးယုတ်ခြင်းနတ်ဘုရားကတော့ ကွဲပြား၏၊ သူက ညစ်ညမ်းဆိုးယုတ်သော ချီဓာတ်ကနေပြီးတော့ မွေးဖွားလာခဲ့တာဖြစ်ပြီး၊ စွမ်းအားအတွက် ဆိုးယုတ်‌‌သည့် အတွေးတွေကို စုပ်ယူလေ့ရှိပြီး၊ သန့်စင်သောချီဓာတ်ကနေပြီးတော့ ခန္ဓာကိုယ်ဖြစ်တည်လာခဲ့သည့် နှင်းနတ်ဘုရားမှင့် လယ်ဗယ်ချင်း အတူတူလောက်ပင်၊ ဘယ်သူကမှ မနိမ့်ကျပေ။

ညစ်ညမ်းသောချီက အချိန်အတော်ကြာအောင် အားမွေးပြီး‌တော့၊ နည်းနည်းနောက်ကျပြီးမှ နတ်ဘုရားဖြစ်လာရုံတစ်ခုပင်။

ဒီလိုပဲဆိုကြပါစို့။ ဖြစ်သည်လာသည့် အသက်ကို ပြောရလျှင်၊ သူတို့နှစ်ယောက်က ရွယ်တူဖြစ်ပြီး၊ အမွှာလို့တောင်မှ ဆိုလို့ရသည်။ ဒီတိုင်းရိုးရိုးအသက်ဆိုလျှင်တော့ နှင်းနတ်ဘုရားက ဆိုးယုတ်ခြင်းနတ်ဘုရားထက်ပိုပြီး နှစ်ပေါင်းထောင်ဂဏန်းလောက် ကြီး၏။

You've reached the end of published parts.

⏰ Last updated: Dec 14, 2023 ⏰

Add this story to your Library to get notified about new parts!

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့်လက်ထပ်ပြီးနောက် (Book 2)Where stories live. Discover now