အပိုင်း (၁၆) Zawgyi

Start from the beginning
                                    

"လက်စသတ်တော့ ဒီလိုကိုး"

လုရှိုးဝမ်က နှမြောတသဖြစ်သည့်အလား သက်ပြင်းအသာချလိုက်သည်။

"အမှန်ပဲ။ လက်ဝဲအရှင်နဲ့ငါက အလောင်းအစားတစ်ခုလုပ်ထားကြတယ်။ ဘယ်သူက ခေါင်းဆောင်လင်ရဲ့ခေါင်းကိုအရင်ဖြတ်နိုင်မလဲဆိုတာကိုပေါ့။ ငါက အရင်နှစ်တုန်းက ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတော့ အင်အားလည်းအတော်လေးလျော့သွားတယ်။ သူ့ကိုသတ်ချင်ရင်တောင် မလွယ်ကူတော့ဘူး။ ဒါပေမဲ့ မင်းလက်ထဲ အဖမ်းခံရချင်ယောင်ဆောင်မယ်၊ ပြီးရင် သူတည်းမယ့်တည်းခိုဆောင်ကို အရင်ဝင်ပြီး လေ့လာထားမယ်။ သူသတိလက်လွတ်ဖြစ်တဲ့အချိန်မှ လှုပ်ရှားမယ်ဆိုရင် အများကြီးပိုလွယ်သွားပြီလေ။ နှမြောစရာက အကြံမအောင်မြင်လိုက်တာပဲ။ ကြည့်ရတာ ငါရှုံးသွားပြီထင်ပါရဲ့လေ။"

သွမ့်လင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း -

"ခေါင်းဆောင်လင်ရဲ့ သိုင်းပညာအဆင့်မျိုးကို အဲဒီလက်ဝဲအရှင်ဖြစ်နေရင်တောင် ထိလို့ရမှာမဟုတ်ဘူး။"

"အကယ်၍ မင်းသာအခန်းမလဲလိုက်ဘူး၊ ငါလုပ်ကြံမယ့်အကြောင်း သူ့ကိုမပြောလိုက်ဘူးဆိုရင် အခုချိန်ဆို ငါက လှုပ်ရှားပြီးနေလောက်ပြီ။"

"အဲဒီလိုဆိုရင်လည်း သေမယ့်သူက ခင်ဗျားဖြစ်သွားလိမ့်မယ်။"

လုရှိုးဝမ်က မထိန်းနိုင်စွာ ပြုံးလိုက်မိရင်း -

"သူရဲကောင်းသွမ့်က ငါသေမှာကို မကြည့်ရက်ဘူးဆိုတာ ငါသိပါတယ်။"

ပြောပြီးသည်နှင့် လက်ထဲမှဓားကိုလှည့်ထုတ်လိုက်ရင်း သွမ့်လင်ရှိရာသို့ ဦးတည်ထိုးစိုက်လေတော့သည်။

သွမ့်လင်က လက်နက်မပါသော်လည်း လက်ကိုသုံးကာ အကြိမ်အနည်းငယ်ပြန်တိုက်ခိုက်ရင်း အံ့အားသင့်စွာ မေးမိ၏။

"ခင်ဗျားရဲ့သိုင်းအတတ်ကိုပြန်ရသွားပြီလား"

လုရှိုးဝမ်က ရယ်လိုက်ရင်း -

"မဟုတ်ရင် ခေါင်းဆောင်လင်ကို ဘယ်လိုများလုပ်ကြံရဲမှာလဲ။"

"ကျွန်တော် ခင်ဗျားကို သေချာပေါက်အကြောပိတ်လိုက်ပါတယ်။ ဘယ်လိုပြန်ဖြည်လိုက်တာလဲ။"

ကျိုးပဲ့သစ်ကိုင်းငယ်Where stories live. Discover now