part-2 ( uni) ⚠🔞

Começar do início
                                    

''ဒါ ငါးရံ့ဆန်ပြုတ် ခင်ဗျားသောက်လိုက်''

''ဟို...ကျေးဇူး...''

ဘယ်လိုပဲဖြစ်ဖြစ် ရှင်းသူ့ကိုကျေးဇူး
တင်သင့်သည်မဟုတ်ပါလား ။ မနေ့
ညက လဲ သူမူးနေတာကြောင့်ဖြစ်သွား
တာလို့ပဲ သတ်မှတ်ကာ မေ့ပစ်ရမည် ။

''ခင်ဗျား ဘယ်ကလဲဆိုတာကျူပ်မသိ
ဘူး ဘာလို့ဒဏ်ရာတွေနဲ့ကားလမ်းပေါ်
လဲနေလဲဆိုတာလဲ မသိဘူး ဒါပေမဲ့ခင်
ဗျားက လူယုတ်မာတစ်ယောက်မဟုတ်
ဘူးလို့တော့ ကျူပ်ယူဆတယ် အဲ့ဒါကြောင့်ခင်ဗျားဒဏ်ရာတွေကျက်ပြီးနေ
ကောင်းတဲ့အချိန်အထိ ကျူပ်တာဝန်ယူ
ပေးမယ်....''

အစကလိုနာဗူးစကားများမပြောတော့ပဲ
အတည်ကြီးတွေပြောနေသည်မို့ ရှင်းက
ဆန်ပြုတ်လေးကိုပါးစပ်ထဲခပ်ထည့်ရင်း
ပြူးပြူးလေးကြည့်ကာ ခေါင်းညိတ်မိ၏

''ခနနေ ရွာလူကြီးဆီဧည့်စရင်းသွားတိုင်
ရမယ် ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ ''

''ကိုကို''

''ဘာ...''

ရှင်းက ခပ်တည်တည်နှင့်ထဖြေလိုက်တော့ မျက်လုံးကြီးပြူးကာအော်လေ
သည် ။

''' မင်းပဲ ဘယ်လိုခေါ်ရမလဲဆိုငါထင်တာ
တော့မင်းက ငါ့ထက်အသက်ငယ်မှာပါ
အဲ့တော့ ကိုကိုလို့ခေါ်ပေါ့..''

''ခင်ဗျားကို... အဲ့...အဲ့ဒါ ပြောနေတာ
မဟုတ်ဘူး... ကျုပ်ပြောတာက
ဧည့်စရင်းတိုင်ဖို့နာမည်....''

''ဟားဟား.. အဲ့လိုမေးပါလားကွာငါမှမ
သိတာ... ငါ့နာမည်က ဒီယံရှင်း..... ''

ထင်းရှူးစားပွဲကို မေးထောက်လျက် ဆန်
ပြုတ်တစ်ဇွန်းကိုပါးစပ်ထဲထည့်ရင်းဖြေ
လိုက်သည့်ပုံစံလေးက တကယ့်မိန်းက
လေးတစ်ယောက်၏ နူးညံ့မူမျိူးမရှိပေမဲ့
တစ်မျိုးတစ်ဖုံလေးနူးညံ့နေလေသည် ။
လင်းရှိန်တို့မြို့ကယောက်ကျားလေးများက
ငယ်ငယ်ထဲက ကြမ်းကြမ်းတမ်း
တမ်းနေခဲ့ကြသူတွေမို့ ဒီလူလိုနူးညံ့သူမျိူး
တော့ ရှိမနေပါ ။

............................

''ဟဲ့ လင်းရှိန်က ကောင်လေးတစ်
ယောက်ကိုခေါ်လာတာတဲ့နော် ''

တအံ့တသြနှင့်ပြောလာသော နွယ်အိ
စကားများကြောင့် စတော်ဘယ်ရီသီး
ခူးနေသော နမ်းခမ်း၏အာရုံများကနွယ်
အိဆီသို့ရောက်သွားလေတော့သည် ။

BLANK-ကွက်လပ်Onde histórias criam vida. Descubra agora