Part-6(U±Z)

Beginne am Anfang
                                    

" ဟို.. ဟို နိုးသွားတာလားးး "

" အစ်ကို ဘာလာလုပ် ကျွန်တော့်လာနှိုးတာလား "

ဒီက သူ တိတ်တိတ်လေး ထ ထွက်တာကို မသိတဲ့ ပုံစံနဲ့ မေးလိုက်တော့မှ..

" ညက ညက ပန်ကန်ကို လာ သိမ်းတာ " "ဟက်ချိုး"

" အော် ... ဟုတ် ဒါနဲ့လေ
ညက ကျွန်တော် စိတ် အနှောက်ယှက်ပေးမိသေးလားး "

" ဟမ်.. ဟို ဟို ညကအကြောင်း မမှတ်မိတော့တာလား "

" ဟုတ် ကျွန်တော့်ပုံက မမူးအောင် ထိန်းထားနိုင်တဲ့ပုံစံမို့ မသိသာပေမဲ့ ညက တော်တော်မူးနေတာ "

" အင်းးး ညက ဒီတိုင်းပဲ သံပုရာရည်တိုက်တာ မသောက်ပဲ အိပ်သွားရုံပါပဲ " "ဟက်ချိုး"

Chiရဲ့ ထူးဆန်းတဲ့အကျင့်ပါ ။ သတိထားမိသလောက် အအေးမိတာမျိုးလည်း မဟုတ်ဘဲ တစ်ချက်ချက် ထထ ချေတတ်တာမျိုး။ တစ်ခုခုတော့ တစ်ခုခုပဲ။

" အစ်ကို ဒီနေ့ အလုပ်သွားမှာ မလား ပြင်တော့လေ ဒါတွေ ကျွန်တော် ရှင်းလိုက်မယ် "

" အော် အင်းးအင်းး "

" သတိထားးဦးး "

" အင်းး "

အဲ့တာအပြီးထဲက ကျွန်တော်တို့နှစ်ယောက် စကားတစ်ခွန်းမှ သိပ်မပြောဖြစ်တော့ ။ သူက ရုံး ကိုယ်က ကျောင်းကိုသွား‌ကြတဲ့ လမ်းမှာတော့ စကားတစ်ခွန်းမေးတယ် "ကားက ဘယ်ကလဲ "

" Win ကား ယူထားတာ "

အဲ့တာကလွဲ ကျန်တာ မပြောဖြစ်ကြ ။ ရုံးရှေ့ရောက်တော့ မနေနိုင်တော့တာနဲ့ ... ဆင်းတော့မဲ့ သူရဲ့ လက်မောင်းကို ဆွဲလိုက်ကာ

" အစ်ကို စိတ်ဆိုးစရာ ရှိနေလား "

" မရှိပါဘူး "

" အာ့ဆို စိတ်ကောက်နေတာလား "

" ပိုလို့ ..မဖြစ်နိုင်"

" အာ့ဆို ကျွန်တော့်ကို စကားမပြောတာက ... "

" ပြောစရာ မရှိလို့လေ "

" ညက ကိစ္စနဲ့တစ်ခုခုများ"

" မရှိဘူးလို့ " "ဟက်ချိုးး"
' ဟာ ဒီနှာခေါင်းကတော့ ကားထဲမှာ ဖုန်တွေ ' **ခပ်တိုးတိုးလေးပြော**

5.Blind Date (Ongoing)Wo Geschichten leben. Entdecke jetzt