"ကျေးဇူးပြုပြီး ငါ့ကိုမသတ်ပါနဲ့၊ ငါ… စားစရာရှိတဲ့နေရာ..ပိုက်ဆံရှိတဲ့နေရာကို ငါသိတယ်"

ဒီစကားကိုကြားတော့ အန်တီယန်ရဲ့ နှလုံးသားက နာကျင်သွားတယ်။  ရုတ်တရက် ထူးဆန်းတဲ့ ကြိုတင်သတိပေးချက်တစ်ခု ရှိနေသလိုခံစားလိုက်ရတယ်။

နီရဲရဲ မျက်လုံးတွေနဲ့ ဓားပြတွေက ဒီစကားကြားတော့ နောက်ဆုံးမှာ နေရာတကာ ဖျက်ဆီးသတ်ဖြတ်တာကို ရပ်လိုက်ပေမယ့် ချွေးမလေးကို တစ်ယောက်ပြီးတစ်ယောက် ကြည့်နေကြတယ်။

ချွေးမလေးက မျက်နှာဖြူဖျော့ဖျော့နဲ့ ဆက်ပြောတယ်

"ငါ...မင်းတို့ကို လိမ်တာ မဟုတ်ပါဘူး.. ငါတို့ရွာမှာ စားစရာမရှိပေမယ့် ပိုက်ဆံလည်းရှိတဲ့နေရာတော့ ငါသိတယ်"

ဓားပြခေါင်းဆောင် နဲ့တူတဲ့ လူတစ်ယောက်က

"ဘယ်မှာလဲ?"

ချွေးမကလေးက..

"အဲ့ဒါက ရှေ့ကတောင်ပေါ်တစ်ဝက်လောက်မှာပဲ"

လို့ ထိတ်ထိတ်လန့်လန့်နဲ့ ပြောလိုက်တယ်။

နှင်းတွေဖုံးနေတဲ့ တောင်တွေက အရမ်းအန္တရာယ်များတယ်ဆိုတာ လူမိုက် အားလုံးသိကြပြီး ဓားပြတွေက ချက်ချင်းမကျေနပ်တာနဲ့ ချွေးမလေးကို သတ်ပစ်ချင်ကြတယ်။ ချွေးမကလေးက သူ့ကို ရည်ရွယ်ချက်ရှိရှိ လှည့်စားနေတာလို့ သူ ခံစားရတယ်။

ချွေးမလေးက ကြောက်လန့်တကြား ထအော်တယ်။ သူမယောက္ခမနောက်သို့ တက်ကာ..

"မသတ်နဲ့၊ ငါ့ကိုမသတ်နဲ့ ငါအမှန်အတိုင်းပြောနေတာပါ..တောင်စောင်း မှာ မိသားစုတစ်စုရှိတယ်.. ကွင်ချန်း ကောင်တီမှာရှိတဲ့ ရှီ မိသားစုရဲ့သခင်လေးပဲ.. မင်းငါ့ကိုမယုံရင် ရွာကလူတွေကိုမေးလို့ရတယ်...အဲဒီတုန်းက ရှီမိသားစုကသူတို့ကိုဒီကိုပို့လိုက်တဲ့အခါ ရွှေ၊ ငွေ နဲ့ လက်ဝတ်ရတနာတွေ နှစ်ပုံး သုံးပုံလောက်ယူလာခဲ့တယ်"

ချွေးမရဲ့ ယောက္ခမလည်း သေမလောက်ကြောက်တယ်။ မူလက သူ့ချွေးမက အရမ်းမရိုးမသားလို့ ထင်ခဲ့ပေမယ့် တောက်ပနေတဲ့ ဓားကြီးဟာ သူ့ရှေ့မှာ ပေါ်လာတော့ ချွေးမ စကားကိုသာ လိုက်နာပြီး..

ကူးပြောင်းလာပြီးနောက်အင်ပါယာစာမေးပွဲ​ဖြေဖို့ပြင်ဆင်နေတဲ့  Gong (Mm tran)Where stories live. Discover now