______________________

လွန်ခဲ့တဲ့သုံးရက်ကဖြစ်ပျက်သွားတဲ့ကိစ္စကြောင့် မိန်းမပျိုလေးရဲ့သိက္ခာအတွက်
သိန်းထင်နဲ့မထားကြည်ကိုလက်ထပ်ပေးဖို့ အဆောတလျင်စီစဥ်ကြတော့သည်

"မုန်ဟင်းခါးကျွေးမှာဆိုတော့ထင်းအများကြီးလိုမှာ ထင်ခုတ်ဘယ်သူ့ကိုလွှတ်ရမလဲ..."

မည်သူ့သာရေးနာရေးမဆိုတက်ညီလက်ညီဝိုင်းလုပ်ကြသည့်ရွာသားတွေက
သူသွားမယ်ငါသွားမယ်နှင့်ဆူညံနေစဥ်
"ကျုပ်ထင်းခုတ်သွားမယ်" ဟုထပြောလိုက်သည့်စံမောင်ကြောင့်အားလုံး
တအံ့တသြဖြစ်ကုန်တော့သည်

"ဘာလို့ကျုပ်ကိုဝိုင်းကြည့် နေကြတာတုန်း"

"ဘာမှမဟုတ်ပါဘူး ဒါပေမဲ့မင်းကနေကောင်းတာသိပ်မှမကြာသေးဘဲနားနေလိုက်ပါ..."

"ဟုတ်တယ်"

"ဟုတ်တယ်"

"ကျုပ်ကူလုပ်ချင်တယ်လေ " 

"ဒီလိုဆိုရင်တောင်မှသက်သာတဲ့အလုပ်ဘဲမင်းကူလုပ်ပါ"

ရွားသားတွေမှာ စံမောင်ခေါင်းထိထားတာကြောင့်သဘောတွေစွတ်ကောင်းနေလည်း
သူတို့ကတော့အခွင့်အရေးသိပ်မယူရဲ
မတော်ထင်းခုတ်နေရင်း အရင်စိတ်ပြန်ပေါက်လာလို့ထင်းမခုတ်လာမှပြသနာတက်နေမယ်

"သူတို့ပြောတာလည်းဟုတ်တယ် အမောင့်ဒဏ်ရာလည်းသိပ်မှမသက်သာသေးတာ
ပင်းပန်တာတွေမလုပ်ပါနဲ့ဦး"

အပိုင်ဝင်ပြောမှသာ စံမောင်မှာအထွန့်မတက်တော့ဘဲအသာတကြည်သဘောတူတော့တယ်

Zawgi

"သူခိုးဗျို့! သူခိုးလာကြပါဦး ကျွန်မတို့အိမ်သူခိုးဝင်လို့ဗျို့"

"အမောင် သူခိုးဝင်လို့တဲ့ ကြားလား"

"ကျုပ်ကြားတယ် ခင်ဗျားဒီမှာနေခဲ့ကျုပ်သွားကြည့်မယ်.."
ချက်ချင်းစံမောင်ကနောက်ဖေးပြေးဝင်သွားပြီးနံရံမှာထိုးထားတဲ့ငှက်ကြီးတောင်သွားယူသည်
ပြီးတာနဲ့ နောက်မလှည့်ကြည့်ပဲကာလသားတွေနဲ့အတူသူခိုးနောက်ပြေးလိုက်တော့သည်

ဒဏ်ရာမသက်သာသေးတဲ့စံမောင့်ကိုစိတ်မချနိုင်တာမို့
အပိုင်မှာလည်းနောက်ကပြေးလိုက်ရတော့တယ်

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Where stories live. Discover now