ပျောက်သွားသောလူအုပ်ကြောင့် ရှောင်းကျန့်အခုမှသာ အသက်ရှူချောင် တော့သည်။

"မင်းကဘယ်သွားနေတာလဲ.....ငါ့ကိုအဲ့လူတွေကြားထားခဲ့တယ်...ငါမှာဘယ်လောကါနေရခက်လဲသိလား"

"ကိုယ်ကကလေးနဲ့ကိုယ့်ရဲ့ မင်္ဂလာကိစ္စကို အကြီးအကဲနဲ့ ဆွေးနွေးနေလို့ပါ"

"ဘယ်သူကမင်းနဲ့လက်ထက်မယ်လို့ပြောနေလို့လဲ"

"ဟမ်း......လက်မထက်ဘူးပေါ့"

"ဟုတ်တယ်"

သူရင်ခွင်ထဲကနေထွက်ကာပြန်သွားထိုင်ကာအခါးရေပြန်သောက်နေတဲ့ကလေးကြောင့်

"ကလေးက ..စားပြီးနားမလည်လုပ်တာပေါ့ဟုတ်လား....မရဘူးနော်....ကလေးကကိုယ့်ကိုတာဝန်ယူရမှာနော်...ကိုယ်ကကလေးကိုကိုယ့်ရဲ့ပထမဆုံးပေးထားတာလို့"

သူလက်ကိုကိုင်ကာချွဲနွဲ့နေသောဝမ်ရိပေါ်ကိုကြည့်ကာ ကိုယ်ကိုပင် လူယုတ်မာတစ်ယောက်လိုခံစားလိုက်ရသည်။

"တော်စမ်း....ဝမ်ရိပေါ် ...မသိရင်မင်းကခံရတာကြလို့...နစ်နာသလိုလာလုပ်မနေနဲ့"

"ဒါဆို ကိုယ်က  ကလေးက်ုတာဝန်ယူမယ်လေနော်"

"ဟမ့်"

ဘယ်လိုပြောပြောသူအကွက်ထဲပဲကျနေတာမပြောတော့ဘူး။

"ဒါဆိုကိုယ်တို့ မနက်ဖြမ်လက်ထက်မယ်နော်"

"မနက်ဖြန် !!!"

"ဟုတ်တယ်လေ ကလေးရဲ့ ကိုယ်ကလေးကိုကိုယ့်အပိုင်အဖြစ်တရားဝင် ပိုင်ဆိုင်ချင်ပြီ"

ဝမ်ရိပေါ်ရဲ့စကားကြောင့်ကတော့မျက်လုံးပြူးမျက်စံပြူးလို့ သူ့ကအခု ကလေးကိုယ်နဲ့လေ လယ်လိုတောင်ဇွတ်တရွတ်လဲ သူက အများသူတွေပြောမှာမကြောက်ဘူးလား တကယ်ပါပဲ။ငါ အတောင်ပံထိန်းချုပ်နိုင်တဲ့ထိစောင့်ပါအုံးလို့။

"ဝမ်ရိပေါ်မမြန်လွန်ဘူးလား"

"မမြန်ပါဘူး ...ဖြစ်နိုင်ရင်အခုချက်ချင်းကိုယူချင်တာ"

"ငါ ....ငါ..အတောင်ပံထိန်းချုပ်လို့ရတဲ့ထိစောင့်ပါအုံးလား"

"ကိုယ့်မစောင့်နိုင်တော့ဘူး....ကိုယ်စောင့်လာရတာများပြီ"

 My  Warlock (Completed)Where stories live. Discover now