''ငါဘာလုပ်လို့လဲ Hwan.. အဲ..JungHwanရဲ့"

''အဟက်..ဒါလေးအရင်နားထောင်လိုက်ပါအုံး"ဆိုကာ ဖွင့်ပြလာတဲ့အသံဖိုင်တစ်ခု
ထိုအသံဖိုင်က သူမKim DoYoungတို့အိမ်ထိသွားပြီး ပြောခဲ့တဲ့စကားတွေပင်...
ဘယ်လိုလုပ်ပြီး Hwanကသိသွားရတာလဲ?
ဒီအသံဖိုင်ကရော ဘယ်လိုလုပ်ပြီး....

"ငါနဲ့မင်းကိုငါ့မာမီကသဘောတူထားပါတယ်ဆိုပဲ..ဟမ်.. ဘယ်တုန်းကပြောတာလဲ ငါ့ကိုလဲရှင်းပြအုံးလေ SooIn ဟင်... "

"..............''

''မဖြေနိုင်တော့ဘူးလား.. ဘယ်ဖြေနိုင်ပါ့မလဲ?
မင်းလုပ်ကြံထားတာတွေလေ ငါမာမီ့ကိုမေးပြီးပြီ ငါနဲ့မင်းကိုသဘောတူပါတယ်လို့ပြောဖို့်နေနေသာသာ စိတ်ကူးနဲ့တောင်မတွေးဖူးဘူးတဲ့။
အာ..ပြီးတော့ ငါနဲ့တကယ်သဘောတူပေးထားတဲ့သူရှိတယ် အဲ့လူက... "JungHwanပြောနေရင်းတန်းလန်း ရုံးဖုန်းကမြည်လာတာမို့ ကိုင်လိုက်တော့ JiHoon HyungကModel Samတွေ့ခွင့်တောင်းနေကြောင်းပြောလာတာမို့ ဝင်လာခိုင်းလိုက်ဖို့ပြောလိုက်သည်။

တအောင့်လောက်နေတော့ ဝင်လာတဲ့Youngနဲ့သူ့မန်နေဂျာ...
စောနကဒေါသတွေလောင်မြိုက်နေသလောက် Youngမျက်နှာမြင်လိုက်ရတဲ့အချိန် မီးကိုရေနဲ့ငြှိမ်းလိုက်သလိုအေးချမ်းသွားရသည်။
SooIn စကားပြောနေရင်းနဲ့ရပ်ကာ ဝင်ပေါက်ဘက်ကြည့်နေတဲ့Hwanကြောင့် လှည့်ကြည့်မိတော့ Kim DoYoungဖြစ်လို့နေသည်။
ကျစ်...ကောင်းကျိုးမပေးတဲ့အကောင်...

"အာ..ဧည့်သည်ရှိနေတာပဲကို ကိုယ့်ကြောင့်အနှောင့်အယှက်ဖြစ်သွားပြီထင်တယ်"

''ရပါတယ်..အဲ့လောက်အရေးကြီးတဲ့သူမဟုတ်ပါဘူး"

''CEO Hwanရဲ့သတို့သမီးလောင်းမဟုတ်ဘူးလား ကိုယ်ကြားမိပါတယ် Congratulationsပါ"

''ဘယ်ကသာ...ကိုယ်နဲ့သူကလုံးဝမသက်ဆိုင်ပါဘူး ကိုယ်ဟိုနေ့ကမပြောလိုက်ရတဲ့စကားကိုပြီးအောင်ပြောပါရစေ။
ကိုယ့်မာမီတကယ်သဘောကျတဲ့ ကိုယ်နဲ့တကယ်သဘောတူပေးထားတဲ့သူက Youngပါ.."ကြားလိုက်ရတဲ့စကားမှာ DoYoungမျက်လုံးတွေပြူးကုန်ရသည်။
ရုတ်တရက်ကြီးလေဟာနယ်ထဲရောက်သွားသလို ဘာဆိုဘာမှပင်မကြားရတော့တာ...
Go SooInသည်လဲ အကြီးအကျယ်shockရသွားပုံရကာ အသံပင်မထွက်နိုင်တော့ချေ။

You're the one who changed me(HwanYoung/DoHwan Version)Where stories live. Discover now