''နင်...နင်.."မိမိအား လက်ညှိုးကြီးထိုးလို့ တနင်နင်ဖြစ်နေတဲ့သူမကိုကြည့်ရတာ အရှိုက်ထိသွားပုံပေါ်သည်။

''နင် နေရင်လဲ ရေသောက်လိုက်လေ တော်ကြာနေ နင်ပြီးသေနေလို့ လင်တဆက်မရူးနိုင်ဘဲနေမယ်"ထိုစကားအား အိမ်ထဲဝင်လာကာ DoYoungဘေးဝင်ထိုင်လိုက်တဲ့Miလေးကပြောလိုက်ခြင်းဖြစ်ကာ Jjeong Jjeongနဲ့ပင်HighFiveလုပ်နေသေးသည်။
DoYoungတစ်ချက်ပြုံးလိုက်ပြီး

"မင်းသိလား Go SooIn..ငါက အရင်Kim DoYoungမဟုတ်တော့ဘူး အဲ့တော့ မင်းရဲ့ စကားတွေက ငါ့အတွက် ဘာမှဖြစ်စေမှာမဟုတ်ဘူး စိတ်ကူးယဥ်တာလေးတွေလျှော့..
အခုတော့ လာရာလမ်းကိုပြန်ကြွတော့..."

''DoYoungieရေ.. အဲ့ခုံကြီးနောက်ရက်အသစ်လဲရအောင်ကွာ..မသတီလွန်းလို့"Jjeong Jjeongကပြောတော့ Go SooInက တောက်တစ်ချက်ခေါက်ကာထပြန်သွားသည်။

"ကဲ..ပြောပါအုံး ဘယ်လိုဖြစ်ပြီး အဲ့မိန်းမကရောက်လာတာလဲ ငါမရောက်ခင်ရော ဘာတွေပြောသွားသေးလဲ"

''သိချင်လို့လား"DoYoungမေးလိုက်တော့ Miလေးကခေါင်းငြှိမ့်ပြလာသည်။
DoYoungလဲ သူ့ဖုန်းကိုMiလေးလက်ထဲထည့်ပေးလိုက်တော့

"ငါက နင့်ဖုန်းနဲ့ ဘာလုပ်ရမှာလဲ "

''အဲ့မှာလေ ငါrecordဖမ်းထားတယ် အစကနေအဆုံးထိ"
အဲ့တော့မှ ok signလုပ်ပြပြီး record ဖမ်းထားတာကိုနားထောင်နေသည်။
အင်း...ညကျရင်လဲ တစ်စုံတစ်ယောက်ကို နားထောင်ဖို့ပို့ပေးရအုံးမှာပဲ..

JungHwan ညဘက် မအိပ်ခင် စာရင်းတွေကြည့်နေတုန်း ဖုန်းက msg notiသံကြားတာမို့ ကြည့်လိုက်တော့ DoYoungဆီမှဖြစ်ကာ
'နားထောင်ကြည့်ပါ'ဆိုတဲ့စာနဲ့ အသံဖိုင်တစ်ခုပို့လိုက်တာဖြစ်သည်။

JungHwan လဲ ဘာများလဲဆိုတာ သိချင်လို့ ဖွင့်နားထောင်ကြည့်တော့ အစမှာထွက်ပေါ်လာတဲ့Young  အသံ ...Youngခေါ်လိုက်တဲ့နာမည်ကိုကြားလိုက်ပြီး စိတ်ထဲအနည်းငယ်ဇဝေဇဝါဖြစ်သွားသည်။
'သူ့သူငယ်ချင်းမလေး Go SooInများလား'လို့လဲတွေးနေမိသည်။
နောက်မှ ထွက်ပေါ်လာတဲ့အသံကိုကြားတဲ့အခါမှာတော့ သူထင်နေတာမှန်နေမှန်းသိလိုက်တော့သည်။

အသံဖိုင်ကိုအစအဆုံးနားထောင်အပြီးမှာတော့ JungHwan အတွေးတွေများလာသလို မေးခွန်းတွေလဲပေါ်လာသည်။
'မာမီက တကယ်ပဲ သူနဲ့SooInကိုသဘောတူထားတာလား အဲ့ဒါသာတကယ်ဆိုရင် မာမီ သူ့ကိုမပြောဘဲနေမှာမဟုတ်ပါဘူး'
ဘယ်လိုမှတွေးမရတဲ့အဆုံးမှာတော့ မာမီ့ကိုတိုက်ရိုက်မေးဖို့သာပြင်လိုက်သည်။

You're the one who changed me(HwanYoung/DoHwan Version)Where stories live. Discover now