"သူက ငါ့ကို ဟိုးအလယ်တန်းတုန်းက ကြိတ်ချစ်နေခဲ့တဲ့ Kim DoYoungပဲ SooIn...
နင်ပြောကြည့်စမ်းပါ..သူသိပ်ကိုလှလာတယ်မဟုတ်လား ဟင်..SooIn
Yaa!..Go SooIn ဪ ဒီကောင်မလေးကတော့"JungHwan ကတော့သူစကားပြောနေတုန်း ဘာမပြော ညာမပြောနဲ့ ပြေးထွက်သွားတဲ့SooInက ဘာများဖြစ်သွားပါလိမ့်လို့တွေးရင်းကျန်နေခဲ့တော့သည်။

"ဟူး....ပင်ပန်းလိုက်တာကွာ ဟမ်း.."DoYoung
ငြီးငြူရင်း ဆိုဖာပေါ်ခြေပစ်လက်ပစ်ကိုထိုင်ချလိုက်သည်။
JeongWooသည်လဲ သူနဲ့နည်းတူပင်...
သူတို့အိမ်ကိုဘယ်လိုသိသွားကြတယ်မသိ သတင်းထောက်တွေအုပ်လိုက်ကြီးရောက်ချလာကာ သူနဲ့So JungHwanရဲ့အကြောင်းကိုအလုအယက်သတင်းယူကြသည်။
သူတို့သိချင်တာမှန်သမျှစုံစိနေအောင်မေးတာကို ကိုယ့်မှာလိုက်ဖြေပေးနေခဲ့ရတာမို့ သတင်းထောက်တွေလဲပြန်ရော ကိုယ့်မှာမောဟိုက်စွာကျန်နေခဲ့တော့သည်။
တော်သေးတယ် သတင်းထောက်တွေရောက်မလာခင် ငါးမိနစ်လောက်စောပြီး Miလေးတို့ပြန်သွားလို့..မဟုတ်ရင်ဒီထက်ပိုရှုပ်တော့မှာ။

အဲ့ဒါတွေက ဟိုအရူးSo JungHwanကြောင့်..
အရင်လဲDoYoung အခုလိုDatingတွေထွက်ဖူးတာပဲလေ Miလေးလို သူ့သူငယ်ချင်းအရင်းကြီးပါလို့ကြေညာထားတဲ့သူနဲ့တောင်မချန်ဘူး လိုက်ပတ်ပြီး သတင်းလုပ်ကြတာ။
ဒါပေမဲ့ အခုတစ်ခေါက်လောက် အာရုံမနောက်ခဲ့ရဖူးဘူး။
အခုတစ်ခေါက်ကကျတော့ So JungHwanရဲ့မတင်မကျဖြစ်စေတဲ့ commentကြောင့် အခုလို ဂယက်ပေါင်းသောင်းခြောက်ထောင်တွေရိုက်ကုန်တာဖြစ်ပြီး သတင်းတက်ပြီးပြီးချင်းမကြာခင်မှာပင် သူတို့နှစ်ယောက်ကိုShipထားကြတဲ့DoHwan/HwanYoung Fan Pageတွေပင်ထောင်ကုန်ကြတော့တဲ့အထိတွေပင်။
ဒီနေ့ကတော့ DoYoungစိတ်ရောလူရောအပင်ပန်းရဆုံးနေ့ပဲ...

"အကိုလေးKim.."အသံကြောင့် ခေါင်းထောင်ကြည့်လိုက်တော့ အိမ်ပေါက်ဝမှာရပ်နေတဲ့ ခြံစောင့်ကောင်လေး..
DoYoungမေးဆတ်ပြလိုက်တော့

"မိန်းကလေးတစ်ယောက်က အကိုလေးနဲ့တွေ့ချင်တယ်ပြောပါတယ်"

''ဘာလဲ သတင်းထောက်မ လား ငါပင်ပန်းနေလို့အနားယူနေပြီလို့ပြောလိုက်ကွာ"

''မဟုတ်ဘူး အကိုလေး...သူမနာမည်ပြောလိုက်ရင် အကိုလေးသိလောက်ပါတယ်တဲ့"

You're the one who changed me(HwanYoung/DoHwan Version)Where stories live. Discover now