မနေ့ကနေ့စွဲနဲ့ရေးထားတဲ့စာမျက်နှာအပြီး JungHwan ထိုခရမ်းနုရောင်Diaryစာအုပ်ကို ပိတ်လိုက်ကာဟက်ခနဲ ရယ်လိုက်မိသည်။
*Kim DoYoung ဆိုတဲ့ ဝက်ရုပ်ဆိုးက ငါ့ကိုတော်တော်ဖြစ်နေတာပဲ...စိတ်ပျက်စရာကြီး... *

သူဒီစာအုပ်ကိုဘယ်ကရလဲဆိုရင် နေ့လည်က သူ့အိမ်စာတွေရေးပြီးလို့ Kim DoYoung ဆီကစာအုပ်တွေပြန်ယူလို်က်ရာက ကြားထဲညှပ်ပါလာတာဖြစ်သည်။
အစကတော့ သူသိသိချင်းပြန်ပေးမို့ပါပဲ နောက်တော့ အထဲမှာ ဘာတွေရေးထားလဲသိချင်လာတာနဲ့ ဒီတိုင်းအိမ်အထိသယ်လာလိုက်တာဖြစ်သည်။
အခုနေဆို ဟိုဝက်ခမျာ သူ့Diaryပျောက်လို့ ဘယ်လောက်တောင်မှ ပျာယာခတ်နေလိုက်မလဲ...

JungHwan တွေးနေရာကနေ နာရီကိုကြည့်မိတော့ ၁၁နာရီဖြစ်နေပြီမို့ မအိပ်ခင်ကိုယ်လက်သန့်စင်ရန်ရေချိုးခန်းထဲဝင်လိုက်သည်။
ပြီးမှပဲ အိပ်ရာထက်လှဲရင် မနက်ဖြန်မနက်လုပ်မဲ့အစီအစဥ်အတွက် ကျေနပ်ပြုံးတစ်ချက်ပြုံးကာ မျက်ဝန်းတို့ကိုမှေးမှိတ်ကာ အိပ်စက်လိုက်တော့သည်။

DoYoung မနေ့ညက Diary ကိစ္စကြောင့် အိပ်မပျော်ခဲ့တာမို့ ဒီနေ့မနက်ကျောင်းလာတော့ လူကနုံးချိချိဖြစ်နေကာ မျက်ကွင်းလေးကလည်းအညိုလိုက်လေးဖြစ်နေရှာသည်။
အတန်းထဲဝင်ကာ JeongWooဘေးဝင်ထိုင်လိုက်တော့

"DoYoungie...မင်းညကမအိပ်ဘူးလား ပန်ဒါပုံပေါက်နေတယ် ရုပ်က "

''အေးကွာ..ငါအိပ်မပျော်ဘူး တစ်ညလုံး"

''ဟာ..ဒါနဲ့ မင်းDiaryစာအုပ်ပြန်တွေ့လား "

''အဲ့ဒါကြောင့်ငါအိပ်မပျော်တာပေါ့ ဘယ်လိုမှကိုရှာမရတာ စာအုပ်တွေကြားထဲများညပ်နေမလားဆိုပြီးလဲရှာတယ် အိမ်ကစာအုပ်စင်မှာရော ငါ့အိပ်ခန်းတစ်ခုလုံးကိုပါမွှေနှောက်ရှာတာပဲ ဒါပေမဲ့ လုံးဝကိုမတွေ့ဘူး ''

''ဒါဆို မင်းစာအုပ်ကို တစ်ယောက်ယောက်ယူသွားတာပဲနေမှာ "

''အေး..ငါလဲ အဲ့လိုပဲထင်တယ် ရူးချင်တယ်ကွာ
ဒါနဲ့Miလေးရော မတွေ့ပါလား မရောက်သေးဘူးလား"

''အေး မရောက်သေးဘူး မင်းလဲMiလေးအကြောင်းသိနေတာပဲဟာ သူစောတဲ့နေ့က ငါသူ့ကိုမနက်ခင်းဖုန်းဆက်လှမ်းနှိုးပြီး သွားဝင်ခေါ်တဲ့နေ့ပဲရယ်..တကယ့်အိပ်ပုတ်မလေး"

You're the one who changed me(HwanYoung/DoHwan Version)Where stories live. Discover now