"ဘာလဲ.. Kim DoYoung? ''-JungHwan

"ဟိုလေ..JungHwan ငါရေးပေးရမလား မင်းမပြီးသေးတဲ့စာတွေလေ"-DoYoung

''မင်းညနေအမှီပြီးအောင်ရေးနိုင်လို့လား"-JungHwan

''အင်း ရေးနိုင်တယ် "-DoYoung

''အာ့ဆိုလဲ ရော့ ရေးရမယ့်စာအုပ်... "DoYoung Hwanဆီကစာအုပ်ကိုယူလိုက်ပြီးသည့်အခါ

"ငါသွားလိုက်အုံးမယ် ကျေးဇူးDoYoung"ဟုဆိုကာ သူ့သူငယ်ချင်းတွေနဲ့အတူ ဘောလုံးကွင်းထဲဆင်းသွားလေတဲ့ Hwan
ဘေးကနေ အခြေအနေကိိုထိုင်ကြည့်နေတဲ့JeongWooက

"DoYoungie..မင်းနေ့လည်စာမစားတော့ဘူးလား
မင်းရေးပေးရမှာတွေက တစ်ပုဒ်တလေမဟုတ်ဘူးနော်"-JeongWoo

''ငါသိပ်လဲမဆာလို့လေ သွားပါ မင်းနဲ့Miလေးပဲသွားစားချည်။"-DoYoung

"အဲ့ဒါဆို ငါတို့်သွားအုံးမယ် အပြန်ကျရင် မင်းအတွက်ပေါင်မုန့်နဲ့ strawberry milkဝယ်ခဲ့ပေးမယ်"-JeongWooကပြောပြီးသည်နှင့် Miလေးနဲ့အတူကန်တင်းဘက်ထွက်သွားသည်။

DoYoungလဲဘယ်နေရာကနေစရေးပေးရမလဲဆိုတာသိရဖို့ စာအုပ်ကိုဖွင့်ကြည့်မိတော့ ပြောင်ရှင်းနေတဲ့ စာရွက်လေးတွေက နှုတ်ဆက်လာသည်။
'ဟူး...ကိုယ်စတဲ့ဇာတ် ကိုယ်ပြီးအောင်ကရမှာပဲ
Fighting... Kim DoYoung '

JungHwanနဲ့Harutoတို့ဘောလုံးကွင်းထဲဆင်းလာလိုက်ကြပြီး ဘေးနေရာမှာရပ်စောင့်နေလိုက်သည် အရန်လူအနေနဲ့လူလဲတဲ့အခါဝင်ကန်ကြဖို့ပေါ့ အခုတော့ ကန်နေတဲ့ကိုယ့်အခန်းဖော်တွေကိုသာအားပေးနေဖြစ်သည်။
ထိုစဥ်Haruto အတွေးတစ်ခုကြောင့် JungHwanကိုစကားစဖြစ်သည်။

"JungHwan... ''

''အေး ပြော ဘာလဲ "

''မင်းဘာလို့လုပ်ခိုင်းရတာလဲ?''

''ဘာကို..ဪ ဟိုဝတုတ်ကိုစာရေးခိုင်းတာကိုပြောတာလား"

''အေး ဟုတ်တယ် ငါတောင်ကျောင်းရောက်ကတည်းကစရေးပြီး တခြားဘာသာရပ်အချိန်တွေခိုးရေးတာတောင်မပြီးတဲ့အိမ်စာကို သူက၄၅မိနစ်လောက်လေးနဲ့ပြီးနိုင်ပါ့မလား "

''မသိဘူးလေ ဒါကသူ့ဘာသာသူ ရေးပေးမယ်ပြောလာတာကို ငါအတင်းရေးခိုင်းတာမှမဟုတ်တာ"

You're the one who changed me(HwanYoung/DoHwan Version)Where stories live. Discover now