သူတို့တွေကန်တင်းကိုရောက်လို့ စားချင်တာတွေယူလို့ လွတ်တဲ့စားပွဲမှာဝင်ထိုင်ရင်း စားနေကြတုန်း ရုတ်တရက် ဆူညံလာတဲ့ မိန်းကလေးတွေရဲ့အသံများ...

"ချောလိုက်တာ...မောင်လေးရယ်"

''အား...ငါ့crushလေး "
ထိုသို့သော စကားသံတွေရဲ့ အကြောင်းအရင်းကတော့ အလယ်တန်းနောက်ဆုံးနှစ်ကျောင်းသား So JungHwanပင်ဖြစ်သည်။
So JungHwanဟာ So Group ရဲ့တစ်ဦးတည်းသောဆက်ခံသူဖြစ်သည့်အပြင် ရုပ်ရည်ကလဲပြောစရာမလိုအောင်ချောမောခန့်ညားနေတာမို့ ပျိုတိုင်းကြိုက်နှင်းဆီခိုင်ဖြစ်ကာ ရုပ်ရှိရေလျှံ ဥစ္စာပေါ ရုပ်ချော SKB ဘွဲ့ခံတစ်ဦးဖြစ်လေသည်။

DoYoung တို့သူငယ်ချင်းတစ်သိုက် အသံတွေရဲ့အရင်းအမြစ်ကိုကြည့်လိုက်တော့ ကန်တင်းထဲကိုဝင်လာနေတဲ့ So JungHwanနဲ့ သူ့သူငယ်ချင်းအုပ်စုကိုတွေ့လိုက်ရသည်။
JeongWooနဲ့MiHyunက JungHwanကိုတွေ့တာနဲ့ DoYoung အား ပြုံးစိစိဖြင့်လာကြည့်ကြသည်။
ဘာလို့ဆို DoYoung ကJungHwanကိုကြိတ်ချစ်နေတာကိုသိနေကြတာကြောင့်ပင်။

JungHwanတို့အုပ်စု DoYoung တို့ဝိုင်းနားကအဖြတ်တွင် DoYoung မှာ JungHwanအားခိုးငေးနေစဥ် ဘေးကJeongWooနဲ့MiHyunက
"အဟမ်း အဟမ်း အဟွတ် "လုပ်ချောင်းကြီးများထဆိုးကြတော့ JungHwanကလှည့်အကြည့်နဲ့ JungHwanကိုငေးနေသော DoYoung အကြည့်ချင်းဆုံသွားလေသည်။
JungHwanကတစ်ချက်သာကြည့်ပြီး ထွက်သွားပေမဲ့ DoYoung မှာတော့ crushနဲ့အကြည့်ချင်းဆုံလိုက်ရတာမို့ ရင်တွေအခုန်လွန်ကုန်သည်။
Crushကြီးရဲ့ စူးရှတဲ့အကြည့်ကြောင့် ရှက်သွေးဖြာသွားကာ မျက်နှာလေးပင်ရဲလာချေပြီ။

"DoYoungie..သူငယ်ချင်း နေမကောင်းဘူးလား
မင်းမျက်နှာရဲနေတယ်"JeongWooသိသိရက်နဲ့စလိုက်လေတော့

''နေ..နေကောင်းပါတယ် မင်း မင်းကလဲ"

"မသိပါဘူး နေများမကောင်းလို့လားလို့..''

''ဟာ..Jjeong Jjeongကလဲ DoYoungie ကနေမကောင်းတာမဟုတ်ပါဘူး
Hwanရဲ့အကြည့်တစ်ချက်မှာ feel တက်သွားတာပါဟ...ဟားဟားဟား"MiHyun ကပြောရင်းရယ်လေတော့ JeongWooကပါလိုက်ရယ်တော့သည်။

"စားစရာရှိတာသာစားကြစမ်းပါ ကျောင်းတက်တော့မယ်"DoYoung သူ့ကိုလိုက်စ,နေတဲ့သူငယ်ချင်းနှစ်ယောက်အား ရုပ်တည်နဲ့ဟောက်လိုက်သော်လည်း နှစ်ကောင်သားကအရယ်ရပ်သွားပေမဲ့ မျက်နှာပိုးမသေကြသေး။
သူတို့ပြောလဲပြောချင်စရာပါပဲလေ တကယ်လဲ ကိုယ်ကHwanရဲ့အကြည့်တွေကြောင့် ရင်ခုန်နေမိတာ။

You're the one who changed me(HwanYoung/DoHwan Version)Kde žijí příběhy. Začni objevovat