"တော်ပါပြီ နက်ဖြန်မှ တွေ့မယ် ငါပင်ပန်းလို့နားချင်နေပြီ"-MiHyun

''အေးပါ ဒါဆိုလဲပြီးတာပဲ ...စကားမစပ် နင်ဘယ်တော့မှ Managerတို့ Makeup ဆရာတို့ခေါ်မှာလဲ Miလေး အမြဲနင်တစ်ယောက်တည်း "-DoYoung

"Managerကမလိုပါဘူး ငါ့ဟာငါအလုပ်လက်ခံလို့ရနေသားပဲကို Makeup လဲ ကိုယ့်ဟာကိုယ်လိမ်းတတ်တာပဲ မရလဲဘာဖြစ်လဲ နင့်Makeup မာမီရှိနေတာပဲကို နော်.. မာမီ''MiHyunက JeongWooဘေးက DoYoungမိတ်ကပ်ဆရာကိုပြုံးပြီးပြောလိုက်တော့ မာမီကလဲ ပြန်ပြုံးပြကာ ဒါပေါ့ ဟုဖြေသည်။

"Makeupအတွက် မာမီ့ကိုနင်ခေါ်လို့ရနိုင်ပေမဲ့ Managerကိုတော့ နင်ရှာမှဖြစ်မယ် နင်တစ်ယောက်တည်း schedule ဆွဲနေလို့ ရေရှည်အဆင်မပြေဘူး"DoYoungထိုသို့ပြောလိုက်လေတော့ JeongWooအား သွားပြုံးပြနေသည့်MiHyun

"ငါ့လာမဖြီးပြစမ်းနဲ့ Miလေး ငါ့မှာ DoYoungတစ်ယောက်တည်းနဲ့တင် လူကပြိုင်းနေတာ နင့်မန်နေဂျာပါလုပ်ရရင်ငါသေလိမ့်မယ်"-JeongWoo

"Jjeong Jjeongကလဲ...ဒီသူငယ်ချင်းလေးကိုမသနားဘူးလားလို့..."မျက်လုံးပေကလပ်ပေကလပ်လုပ်ကာ ပြောလာသည့်အခါ

"တော်စမ်းပါ..."-JeongWooပြောလိုက်စဥ်

"အငယ်လေး..."ဆိုကာအနားရောက်လာတဲ့ JaeHyuk Hyung

"ကိုကို.. ရောက်ပြီလား "-MiHyun

''အွန်း ရှုတင်ပြီးပြီဆို ပြန်မယ်လေ ကိုကိုလဲstudioကနေ အိမ်ပြန်တော့မှာဆိုတော့ တစ်ခါတည်းဝင်ကြိုလိုက်တာ"-JaeHyuk

''ဟုတ် ...ဒါဆို ငါပြန်ပြီနော် DoYoungieနဲ့Jjeong Jjeong..
မာမီ သမီးသွားပြီနော်"ဟုဆိုကာ သူ့အစ်ကိုနဲ့အတူထွက်သွားလေသည်။

"ငါတို့လဲပြန်ကြတာပေါ့ "-DoYoungပြောလိုက်ကာ မာမီနဲ့အတူ သူငယ်ချင်းနှစ်ယောက် Car parking ဆီ လျှောက်လာလိုက်တော့ သူတို့ကားအနားရပ်စောင့်နေတဲ့ CEO So။
သူတို့ကိုတွေ့တော့ CEO So က

''Sam.. ကိုယ်နဲ့ခနလောက်လိုက်ခဲ့ပေးပါ"

''CEO Soက ဘာပြောစရာရှိလို့လဲ Samကပင်ပန်းနေတာမို့ နားဖို့လိုနေပါတယ်"JeongWooထိုသို့ဝင်ပြောလိုက်သော်လည်း So JungHwanက DoYoungieကိုသာ လိုက်ခဲ့ဖို့ခေါ်နေသည်။

"Sam...မကြာစေရပါဘူး ခနလေးပဲလေ"

''ကောင်းပြီလေ ကိုယ်လိုက်ခဲ့့မယ် JeongWoo  ငါလိုက်သွားလိုက်အုံးမယ် မင်းပြန်နှင့်"

You're the one who changed me(HwanYoung/DoHwan Version)Where stories live. Discover now