''ရတယ်လေ ငါလဲအားနေတာပဲဥစ္စာ...
ဒါနဲ့ ဘယ်ကုမ္ပဏီလဲ"

''So Group "

"နေပါအုံး ဒီနာမည်ကြီးကို ငါရင်းနှီးနေသလိုပဲ "

''So JungHwanတို့ကုမ္ပဏီလေ "

''ဪ..ဟမ်! ဘယ်သူ့ကုမ္ပဏီ??''

''So JungHwan''

''ရား...တော်တော် ငါမလုပ်ဘူး နင်လဲမလုပ်ရဘူး DoYoungie"

''ဟာ..နင်ကလဲ ငါလက်ခံပြီးနေပြီ"

''နင့်ဟာနင်လက်ပဲခံခံ ခြေပဲခံခံ...လုံးဝမရိုက်ပေးနဲ့
Jjeong Jjeong...နင်ကရော မတားဘူးလား"

''ဟေ့..ငါ့ဘက်လှည့်မလာနဲ့ DoYoungie ကလက်ခံလိုက်ဆိုလို့လက်ခံပေးလိုက်တာ"

''ဟုတ်ပါတယ် Miလေးရယ် နင်ကလဲ"

''နင်အဆင်ပြေလို့လား DoYoungie နင့်ကိုလုပ်ခဲ့တာတွေကိုမေ့သွားပြီလား"

''ငါအဆင်ပြေပါတယ်ဟ ငါကဘယ်သူမို့်လို့လဲ''

"နင်အဆင်ပြေတယ်ဆိုပြီးတာပဲ ငါကစိတ်ပူလို့ပါ"

''ငါသိပါတယ် Miလေးရဲ့ စိတ်ချပါ "TaeHyung ပြောလိုက်တော့ Miလေးက ခေါင်းငြှိမ့်ပြကာ ရေခဲမုန့်စားရင်းTVပြန်ကြည့်သည်။
DoYoung သူ့သူငယ်ချင်းမလေးစိုးရိမ်တာကိုနားလည်ပါတယ်။
DoYoung ရယ် JeongWooရယ် MiHyun ရယ်ဆိုတာ မူလတန်းကစလို့ တက္ကသိုလ်ထိ အတူတူတက်ခဲ့ကြကာ သွားအတူ လာအတူ စားအတူ ငယ်ပေါင်းကြီးဖော်တွေဖြစ်တာမို့ JungHwanနဲ့သူ့အကြောင်းကိုလဲသေချာသိနေကြသည်လေ။
MiHyunရဲ့နာမည်အပြည့်အစုံက  Yoon MiHyun ဖြစ်ပြီး MarianကModelလုပ်တော့မှပြောင်းလိုက်တဲ့နာမည်ဖြစ်သည်။
MiHyun မှာ Yoon JaeHyukဆိုတဲ့အကိုတစ်ယောက်ရှိပြီး JaeHyuk Hyungကလဲ Kevin ဆိုသည့်အမည်ဖြင့် နာမည်ကြီးတေးရေးဆရာတစ်ယောက်ဖြစ်ပြန်သည်။
အနေအေးတဲ့ Ice Kingကြီးဖြစ်ပေမဲ့ ညီမအပေါ်တော့အတော်ချစ်သည်။
ထို့အပြင် JeongWooရဲ့ Crushကြီးလဲဖြစ်နေသေးသည်။

"နင်ဒီကိုဘာနဲ့လာတာလဲ Miလေး"-JeongWooမေးလိုက်သည့်အခါ

''ကိုကိုလိုက်ပို့တာ ဘာလဲ တွေ့ချင်လို့လား ခဲအိုလေး"ဟုအစခံလိုက်ရသည်။
ကိုယ် သူ့အစ်ကိုကိုကြိုက်နေမှန်းသိပြီးသားမို့ အခုလိုတွေ ခနခနအစခံရတတ်သည်။

You're the one who changed me(HwanYoung/DoHwan Version)Where stories live. Discover now