မျက်နှာက တအားကြီး ဖြူလွန်းမနေဘူးလား နှုတ်ခမ်းတွေကလည်း ကြည့်ပါဦး သွေးတွေလားကျလို့ နီရဲနေတာပဲ မျက်လုံးက အရင်ကတည်းကမှ ရှည်ရှည်ကျဉ်းကျဉ်းပါဆို eyeliner ဆွဲလိုက်တော့ မြေခွေးမျက်လုံးနဲ့တောင် တူနေပြီ နည်းနည်းတောင် နတ်ဆိုး‌ဆန်နေ‌သလိုပဲ မေးစေ့တွေ၊ နဖူးတွေ၊ နှာခေါင်းတွေပေါ်က ရွှေရောင်အမှုန့်တွေကရော ဘာကြီးလဲ မြင်ရတဲ့သူတိုင်း မျက်စိကန်းကုန်တော့မှာပဲ ...

ကျိမြန်ဘက်သို့ လှည့်ကြည့်လျက် မရေမရာဖြင့် မေးလိုက်သည်။

"ကျိကော ဒါက ကြည့်လို့ရော ကောင်းရဲ့လား အရမ်းကြီး အလွန်အကျွံ ဖြစ်မနေလွန်းဘူးလား ..."

ကျိမြန်က သူ့ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေပြီးကာမှ အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။

"ကိုယ်တောင် hard နေပြီ မင်းက အခုထိ ကြည့်ကောင်းပါတယ်ဆိုတာကို မယုံနိုင်သေးဘူးလား ..."

ကျိကောက ဒီမနက် နိုးလာကတည်းကကို ထူးဆန်းနေတာ ဘာလို့ သူပြောသမျှတိုင်းက ရှက်စရာကောင်းနေရတာလဲ မဟုတ်သေးဘူး မနေ့ကတည်းက ဒီလိုဖြစ်နေတာထင်တယ် ကြည့်ရတာ နောက်ဆုံးမှာ အတူတူ ရှိနိုင်ပြီဆိုပြီး ပုံစံ

ပုံစံအစစ်အမှန်တွေကို ထုတ်ပြလာတာများလား ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ မရိုးစင်းတဲ့ကျိကော ဖြစ်နေရင်တောင်မှ သူ့ကို အရမ်းအရမ်း ကြိုက်မိနေတုန်းပဲ ကျိကောက ဟိုးအရင်ကတည်းကကို ချောမောခန့်ညားပြီး ဆွဲဆောင်မှု ရှိခဲ့တာ ဆိုပေမယ့် အခုကျ ပိုပြီးတော့ကို ယစ်မူးရီဝေစရာ ကောင်းနေပြီ ...

ကျိမြန်ကို အားနည်းဖျော့တော့စွာ လှည့်ကြည့်ပြီးနောက် မှန်ထဲတစ်ဖန် ပြန်ကြည့်လိုက်သည့်အခါတွင်မူ ပျော်ရွှင်သွားရတော့သည်။

ဒီပုံစံက တကယ် အဆင်ပြေလို့များလား ...

ကျောက်ချွမ်က သူ့ကို နှစ်ကြိမ်တိုင် လှည့်ပတ်ကြည့်ကာ ခေါင်းငြိမ့်လျက် ပြောလိုက်သည်။

"အိုကေ ဒီပုံစံက အရမ်းကောင်းတယ် မိတ်ကပ်က နည်းနည်းထူတယ် ဆိုပေမယ့် ငါတို့က မှောင်နေတဲ့ ဘားထဲမှာ ရိုက်ကူးရေး လုပ်ရတာလေ ခေါင်းပေါ်မှာလည်း မီးရောင်စုံတွေ အများကြီး တကယ်လို့ မိတ်ကပ်ကိုသာ ထူထူလိမ်းမထားရင် လိုချင်တဲ့ရလဒ် ထွက်လာမှာ မဟုတ်ဘူး နောက်ပိုင်းကျ ဘားမှာထိုင်တဲ့ပုံ နည်းနည်းလောက် ရိုက်လိုက်ဦး ငါထင်တယ် ဒီပုံတွေကို ပရိုမိုးရှင်းဆင်းတဲ့အချိန်မှာ အဓိကပိုစတာအဖြစ် သုံးလို့ရလောက်မယ် ..."

ကိုယ် မင်းကို ဘယ်လိုဖွင့်ပြောရမလဲ  (IQ Team ကစာစဥ်တစ်ခုပါ) (Completed)Tahanan ng mga kuwento. Tumuklas ngayon