''ပျို.......''

''ပြောလေ မီ''

''ခင်ဗျားမငိုပါနဲ့လား ညီမရင်တွေနာကျင်နေတယ် ခင်ဗျားငိုတာမြင်ရတော့''

''အို.....တို့ငိုတာ မင်ရင်နာတာနဲ့ဘာမှမဆိုင်တာကွာ''

''မသိဘူး ခင်ဗျားကို ပျော်စေချင်တာပဲသိတယ် ပျို!''

''ဟင်....ဘယ်လို''

''ခင်ဗျားပြုံးပျော်နေတာမြင်ရရင်လေ မီရင်တွေတအားခုန်တာပဲသိလား''

''ဟင့်အင်း....မသိပါဘူး ''

ရှက်ပြီးနားတွေရဲနေတာတောင်မှ သူမကအငြင်းစကားဆိုပြန်ပါသည်။ မီဟာအပြုံးတို့ဝေဆာစွာ ပျို၏ပုခုံးနှစ်ဖက်အား ဆုပ်ကိုင်ကာမျက်နှာမူစေရင်းနဲ့ပဲ။

''ခင်ဗျားကိုလေ မီ အမှန်တိုင်းဝန်ခံရရင်။ ပျိုကို မီချစ်မိပြီထင်တယ်''

''မ မဖြစ်နိုင်တာ။ တို့တွေက မိန်းကလေးချင်းတွေပဲလေ''

''မဖြစ်နိုင်တာ မရွိပါဘူး ပျို။နိုင်ငံခြားတွေမှာဆို မိန်းမချင်းချစ်ကြ၊ညားကြတာတွေ ရိုက်သတ်လို့တောင်မကုန်ပါဘူးကွာ''

''ဒါပေမဲ့......''

''ဒီမွာ.....ပျို။ ကျုပ်ကလေ အကိုစိုင်းတခေတ်မှိုင်းလောက်မချမ်းသာပေမဲ့၊မထူးချွန်ပေမဲ့ ကျုပ်ရဲ့ပိုင်ဆိုင်မှုကလည်း ခင်ဗျားအဖေမက်လောက်စရာပဲမို့လို့ ကျုပ်ကိုနည်းနည်းလေးပဲဖြစ်ဖြစ် ပြန်ချစ်ကြည့်ပါလား!''

''တို့ကမင်းကို.....''

''ပြန်ချစ်မယ်မလားဟင်''

''.........''

''နော်လို့.....ပြန်ချစ်ပါလို့''

''တို့စဉ်စားပါရစေဦး''

''သုံးနှစ်သုံးမိုး စောင့်ရတဲ့ခေတ်က ကုန်နေပါပြီခင်ဗျားရယ်။မြန်မြန်အဖြေပေးတော့ စောစောချစ်လို့ရတာပေါ့''

''အို......ကွာ။ဇွတ်ပဲမင်းက တို့မူပါရစေအုံးလား''

''မူနေရင် သူများနောက်ပါသွားမှာ မကြောက်ဘူးလား''

''မကြောက်ပေါင်......''

''ကဲ......ချစ်လား အမြန်ပြောတော့''

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Όπου ζουν οι ιστορίες. Ανακάλυψε τώρα