လုယောင်သည် သူ့အတွက် လုပ်စရာတစ်ခုခု ရှာပေးချင်နေမှန်းသူသိ၏။ လူဆိုသည်မှာ လုပ်စရာမရှိလျှင် အားအားယားယား လျှောက်တွေ၊ လျှောက်လုပ်နှင့် လမ်းလွဲကြသည်ပင်။ ထို့ကြောင့် လုပ်စရာရှိလျှင် အလုပ်၌ စိတ်ရောက်၍ အခြားတွေးစရာ ရှိမည်မဟုတ်။

ရှန်းဝမ့်ချုံးသည် ရေချိုးရန် အလွန်ပျင်းနေမိသည်။ ကိုယ်ကို စောင်လေးလွှား၍ ဆိုဖာပေါ်လှဲလျက် ‘လုယောင် ငါ့ကို စိတ်ပျက်သွားအောင် ငါဘယ်လိုလုပ်ရမလဲ။ ကျောင်းလင်က ငါ့ရဲ့ ဘယ်လိုမကောင်းကြောင်းတွေကို ပြောထားတာပါလိမ့်။’

ရှန်းဝမ့်ချုံးနှင့် ကျောင်းလင်သည် ယခင်က အင်မတန်မှ ဆက်ဆံရေး ကောင်းခဲ့ကြသည်။ ရှန်းဝမ့်ချုံးသည် သူကိုယ်တိုင်သာ ဆိုးသွမ်းချင် ဆိုးသွမ်းမည် အခြားသူကိုတော့ဖြင့် သူလိုဖြစ်စေရန် မလုပ်တတ်ပေ။ ကျောင်းလင်သည် ယခင်ကတည်းက လောင်းကစားလုပ်တတ်သူဖြစ်ပြီး သူနှင့် ကျောင်းလင်တွဲလုပ်သည့် တစ်ကြိမ်တွင် ငါးသန်းထိရှုံးသွားဖူးသည်။

ထို့နောက် ရှန်းဝမ့်ချုံးသည် ကျောင်းလင်နှင့် သူ့ရည်းစားတို့ လွန်ခဲ့သည့်လဝက်ခန့်က လက်ထပ်ခဲ့ကြကြောင်း သိရှိခဲ့ရသည်။  ထိုကောင်မလေးထံ message များ ပေးပို့နောက်ယှက်ခဲ့သည်။ ထိုအရာကပင် ကောင်မလေးကို အတော်စိတ်ဒုက္ခဖြစ်စေပြီး သူ(မ)တွင် ကိုယ်ဝန်ရှိနေသည်ကိုပင် ကျောင်းလင်နှင့် ပြတ်ဆဲရန် ထိုသို့မဟုတ် ပြတ်ဆဲကြရန်အထိ ဆောင်ရွက်ခဲ့သည်။

ထိုအချိန်မှစ ကျောင်းလင်သည် သူ့အား အတော်လေး နာကြည်း၍ သူ့အား လူသတ်ကောင်၊ ရာဇဝတ်ကောင် စသဖြင့် ခေါ်ဆိုခဲ့သည်။

ရှန်းဝမ့်ချုံးသည် သူဖမ်းစီးခံခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ တကယ်ပင် သံသယဖြစ်မိသည်။ ကျောင်းလင်သည် သတင်းပေးဆိုသည်ကိုပင်….
မဟုတ်လည်း အခြားတစ်ယောက်က တိုင်မည်သာ။ 

ရှန်းဝမ့်ချုံးသည် ကျောင်းလင်က သူ့မကောင်းများကို လုယောင်ထံ ပြောလောက်မည်ကို သိသည်။ အခြားသူများထံမှလဲ မကြာခဏ ကြားသိရသည်။ သူ့မိသားစု ဒေဝါလီခံလိုက်ရပြီးနောက် သူက လူရှုပ်လူပွေ ဖြစ်လာသည် ဆိုကြ၏။

တစ်လက်ကိုင် အချစ်သဝဏ်လွှာ - Second Hand Letter (ဘာသာပြန်) Wo Geschichten leben. Entdecke jetzt