"မင်းကြည့်တက်တဲ့အကြည့်ကစပြီး မင်းကို စချစ်ခဲ့တာကနေ မင်းပြုံးတဲ့အပြုံးတွေ ... မင်းရဲ့စကားလုံးတစ်ခုအထိချစ်တာမို့ ... ကိုယ့်အတွက်မင်းက တစ်လောကလုံးမှာ အချောမောဆုံးဖြစ်နေဦးမှာ..."

"အဲ့တာက အကို့အတွက်ပဲလေ... "

"ဒါဖြင့် ကိုယ်တို့အပြင်သွားကြမလား... လူတိုင်းကို ကိုယ်လိုက်မေးမယ်... ကျွန်တော့်အမျိုးသားချောရဲ့လားလို့လေ... လူတိုင်းက သိပ်ချောတာပဲလို့ဖြေမှာ...."

အကိုက ပြုံးစစဆိုတော့ သူ့ရင်ထဲနွေးကနဲ..

"ရှက်စရာကြီး အကိုရဲ့.."

အကိုက မတ်တပ်ပြန်ထရပ်လိုက်ကာ ခေါင်းစွပ်ဦးထုတ်ကလေးတစ်ခုကိုဆောင်းပေးလာတယ်..

"မင်းဘယ်လိုရုပ်သွင်ပဲရှိရှိ ဝမ်ရိပေါ်ဆိုတဲ့ မင်းဆိုတဲ့ဖြစ်တည်မှုက ပြောင်းလဲသွားမှာမဟုတ်ဘူး... မင်းက အမြဲတမ်း ကိုယ့်အချစ်ဆုံးဖြစ်နေမှာပဲ..."

ချစ်လိုက်တာလေ... ဒီလူကိုအရမ်းချစ်ရတာပဲ...

"ကျွန်တော် လမ်းလျောက်ထွက်ချင်တယ်..."

သူတို့နှစ်ဦး ဆေးရုံအနီးကပန်းခြံငယ်လေးဆီကိုပဲ ထွက်လာခဲ့တယ်...
ရှောင်းကျန့်က ဝမ်ရိပေါ်လက်ကိုလုံးဝမလွတ်တမ်းဆွဲထားတယ်...

ပန်းခြံထဲ ကလေးငယ်တွေရဲ့ ရယ်မောသံတွေပျံ့လွင့်နေတယ်...
ကလေးမိဘတွေဖြစ်ပုံရတဲ့လူတစ်ချို့ဟာလည်း ဆော့ကစားနေတဲ့ ကလေးတွေကိုကြည့်ရင်း ရယ်မောလို့...
သူတို့တွေရဲ့လှုပ်ရှားမှုတွေကိုလိုက်ကြည့်ရင်း ရိပေါ်လိုက်ရယ်ချင်မိတယ်...
ဒါပေမဲ့ မရယ်မိဘူး....

တစ်နေရာအရောက် ကလေးငယ်တစ်ဦးနဲ့ဘောလုံးအတူပစ်ကစားနေတဲ့ လူတစ်ယောက်ကိုတွေ့တယ်...

သူ့စိတ်ထဲဒါက ကြည့်ကောင်းနေတာမို့ရပ်ကြည့်မိတော့တာပဲ...

"မောလို့လား..."

"ဟင့်အင်း... အဲ့တာက သဘောကျစရာကောင်းလို့.."

အဲ့အခါ သူကြည့်တဲ့နေရာကို လိုက်ကြည့်လာတဲ့အကို...

"ပျော်စရာပဲ..."

"အကိုလည်း ဖခင်တစ်ယောက်သာဖြစ်ရင် အဲ့လိုမျိုး နွေးထွေးနေမှာပဲ"

You've reached the end of published parts.

⏰ Last updated: Dec 04, 2023 ⏰

Add this story to your Library to get notified about new parts!

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]Where stories live. Discover now