အခန်း ၂၀

Start from the beginning
                                    

စုန်းမတစ်ကောင်ကို နှစ်ချီပြီး ကောင်းကောင်းလိမ်ညာခဲ့တဲ့ ဒီမိဖုရားဟာ ကံဆိုးရာမှ ကံကောင်းနေတာလား ။

" နင့်ရဲ့ ကံကောင်းမှုတွေကို ဝါးမြိုဖို့ ငါ စင်သီယာ အရောက်လာခဲ့မယ် .. တစ်ခန်းရပ်ဇာတ်တော်ရဲ့ တစ်ထောင့်တစ်နေရာမှာ မျှော်လင့်လှည့်ပေါ့ .. အဟားဟား .. "

နေမကူး ညမကူးတတ်သည့် စင်သီယာ ဆိုပေမယ့် တိုင်းပြည်ရဲ့မိခင် ဖြစ်တာကြောင့် နေ့ရောညပါ ကူးနေရသည်မှာ နှစ်ချီခဲ့ပြီ ။ မကြာခင် မိဖုရားအရှေ့ အရောက်သွားပြီး တိုင်းပြည်ရဲ့မိခင် ပိုင်ဆိုင်သမျှအကုန် ငါ အပိုင် ဖြစ်စေရမယ် ။

ရယ်သံစူးစူးဟာ စက္ခုဝတီတိုင်းပြည်အနှံ့ ပျံ့နှံ့ခဲ့ပါပေလား ။ ရွှေနန်းတော်၏ အိပ်ဆောင်ထဲမှာ စက်တော်ခေါ်နေတဲ့ မိဖုရားဟာ ဒီရယ်သံကြောင့် ထိတ်လန့်စွာ ချွေးပျံလို့ လန့်နိုးလာခဲ့သည် ။

ပါးစပ်ထဲမှ လေခိုးတွေ မှုတ်နေပြီး အသက်ပင် ဝအောင်ရှူနေရသည့် မိဖုရား ။ ရင်းနှီးခဲ့ဖူးတဲ့ ဒီရယ်သံကြောင့် ထိတ်လန့်တုန်လှုပ်နေသည် ။

" စင် သီယာ .. "

နှုတ်ဖျားမှ တိုးတိုးတိတ်တိတ် ရေရွတ်မိတဲ့ နာမည်က စင်သီယာ တဲ့ ။ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားပေမယ့်လို့ စောယွန်း အပြင်လောကကို ခြေချတိုင်း အသက်ပင် ဝအောင်မရှူနိုင်ခဲ့ ။ နန်းတော်ကို စောယွန်း ပြန်လာမှသာ သက်ပြင်းချခဲ့သည်မှာ မနည်းတော့ပါ ။

မမေ့ခဲ့ပေမယ့် ဒီလောက်နှစ်တွေ အကြာကြီးနေမှ စင်သီယာရဲ့ အိပ်မက်ဆိုးကြောင့် ကြောက်ဒူးတုန်မိရပါသည် ။ မျက်စိအရှေ့မှ မြင်နေရတဲ့ ပတ်ဝန်းကျင်ကို ကြည့်တော့လည်း မီးတောက်နေသော ဖယောင်းတိုင်မှလွဲပြီး ဘာမျှမတွေ့ ။

အသင် ဒီကို ရောက်နေတာလား .. ဒါမှမဟုတ် ရောက်မလာနိုင်တာလား စင်သီယာ ။

မိဖုရားလည်း စင်သီယာကြောင့် ပြန်စက်တော်ခေါ်လို့ မရခဲ့ ။ ဒါ့ကြောင့် အိပ်ဆောင်နန်းအတွင်း မီးများထွန်းညှီပြီး ထိုင်နေခဲ့တော့သည် ။ အတွေးနယ်ပယ်တွေဟာ စက္ခုဝတီ တောင်ဘက်တောအုပ်ဆီသို့ ရောက်နေခဲ့ပြီ ။

စက္ခုဝတီပြည်သို့ စင်သီယာ ရောက်လတ္တံ့ ( Complete )Where stories live. Discover now