ဟိဟိ မင်္ဂလာ ​ဆောင်​ရ​တော့မယ်

Почніть із самого початку
                                    

'' သား​လေး အကျီ လဲလိုက်​​တော့ ပီးရင်​ ​ဖေ​ဖေနဲ့ မနက်​စာစားရ​အောင်​ ''

''ဟုတ်​ကဲ့ ​ဖေ​ဖေ ......
ဒါနဲ့ ​ဖေ​ဖေ မိတ်​​ဆွေ အိမ်​က ဘယ်​ချိန်​သွားမှာလဲ''

''စားပီး ​သောက်​ပီးရင်​ သွားမယ်​ ​လေ ''

'' ဟုတ်​ကဲ့ ​ဖေ​ဖေ ''

Sehun တစ်​​ယောက်​ အခန်းထဲဝင်​ပီး အဝတ်​ အစားလဲလိုက်​တယ်​......

''သား.....ထိုင်​..''

'' ဟုတ်​ကဲ့ ​ဖေ​ဖေ ''

'' သားကို​ဖေ​ဖေ ​ပြောစရာရှိတယ်​ ''

'' ဟုတ်​ကဲ့ ​ပြောပါ ​ဖေ​ဖေ ''

အဲ့အချိန်​မှာပဲ.........

Lay ရဲ့ phက စာဝင်​လာလို့ ဖတ်​ လိုက်​​တော့....
ကားလွှတ်​လိုက်​တာ​ရောက်​​နေတဲ့အ​ကြောင်း.....
အဲ့ဒါနဲ Layလည်း ​ပြောလက်​စ စကားမ​ပြောဖြစ်​​တော့ပဲ......

'' သား​ရေ သွားရ​အောင်အိမ်​​ရှေ့မှာ ​​ရောက်​​နေပီ.....''

'' ဟင်​ ....!''

''မြန်​မြန်​ လာသား ​အိမ်​​ရှေ့မှာ ​ရောက်​​နေပီ တဲ့
အားနာစရာကြီး ''

''​အော်​ ...ဟုတ်​ကဲ့ ​ဖေ​ဖေ ''

Sehun လည်း​ကြောင်​​တောင်​​တောင်​နဲ့......သူ့အ​ဖေ​နောက်​လိုက်​သွား​လေရဲ့........

သူတို့ ခြံတခါးကို​ကျော်​လွန်​ပီး.....အိမ်​ ​ရှေ့အ​ရောက်
အနက်​​ရောင်​ ကား​လေးတစီးက အဆင်​သင့်​ ​စောင့်​​နေတာကို​တွေ့ရတယ်​.............

အဲ့ကားထဲက​နေ အ​နောက်​တိုင်းဝတ်​စုံဝတ်​ထားတဲ့ သားသားနားနား နဲ့ လူကြီး တစ်​​ယောက်​ ထွက်​လာပီး......Sehun တို့သားအဖကိုအရိုအ​သေ​ပေးတယ်​......အဲ့​တော့ ကိုLayတို့ ကဘယ်​ရမလဲ 90° နဲ့ပြန်​အရို​သေ​ပေးတယ်​.......

နောက်​ ဟိုလူကြီးက.......ကားတံခါး ဖွင့်​​ပေးတယ်
Sehun တို့သားအဖလည်း....ခပ်​တည်​တည်​နဲ့ ဝင်​ထိုင်​ပီး လိုက်​လာတယ်​.......
သူတို့ကား​လေး ကတစ်​​ရွှေ့​ရွှေ့နဲ့............WU အိမ်​​တော်​ကို ​ရောက်​လာတယ်​.......

ကြီးကျယ်​ခန်းနားပီး လှပတဲ့ အိမ်​ကြီး ဆီ အ​ရောက်​မှာ သူတို့ကား​လေး ရပ်​သွားတယ်​........

As You Like ~~~BABYWhere stories live. Discover now