ထိုအဆိပ်ပြင်းမြွေအတွက် မြွေဆိပ်ဖြေဆေးသည် ဒေသတွင်း၌ အင်မတန်မှ ရှားပါလှသည်။ နောက်ဆုံးတွင် ဖြေဆေးရနိုင်သည့် ဆေးရုံနှစ်ရုံ ရှာတွေ့ခဲ့သော်လည်း ဆေးရုံတက်ခွင့်မပေးသောကြောင့် ဗဟိုပြည်သူ့ဆေးရုံကြီးဆီသာ ရောက်ရှိခဲ့သည်။ တစ်ရက်မျှ ဟိုဟိုသည်သည် အချိန်ဆိုင်းသွားသည့် အကျိုးဆက်အနေဖြင့် အဆိပ်ဖြေပေးသုံးခွင့် မရလိုက်တော့ပေ။ ထိုစဉ်အချိန်က ဆေးပညာနှင့် ဆေးရုံများ၏ ချိတ်ဆက်မှုကွန်ရက်မှာ မဖွံ့‌ဖြိုးသေးသည်လည်း ဖြစ်၏။ အနည်းငယ်မျှပင် နောက်ကျ၍ မရသောကြောင့် တာဝန်ကျဆရာဝန်သည် ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချလိုက်ရသည်။ နောက်ဆုံးအခြေအနေများအရ ဆရာဝန်သည် အကိုက်ခံရသည့် လက်တစ်ဖက်အား ဖြတ်တောက်ပစ်ရန်သာ တတ်နိုင်တော့သည်။

အနည်းဆုံးတော့ အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့သည် မဟုတ်ပါကလား။

လုယောင်သည် သူ၏ ညာလက်မောင်းကို ဘယ်ဘက်လက်ဖြင့် ဆွဲယူပြီး လက်မောင်းအပြင်ဘက်အခြမ်းရှိ ခလုတ်တစ်ခုကို နှိပ်လိုက်၏။ ထို့နောက် 'ချပ်'ခနဲ အသံပြုလျက် လက်အတုသည် ကျွတ်သွားလေသည်။

ရှန်းဝမ့်ချုံးသည် တအံ့တဩဖြစ်လျက် "သောက်ရမ်းမိုက်တယ်။" ဟူ၍ ရွေရွတ်မိသည်အထိပင်။

ကျန်ရှိလက်မောင်း၏ ထိပ်တွင် သတ္ထုဂီယာတစ်ခု တပ်ဆင်ထားသည်ကို တွေ့မြင်လိုက်ရ၏။ ရှန်းဝမ့်ချုံး မစပ်စုမီပင် လုယောင်က "ဒါက ခွဲစိတ်ပြီး ထည့်သွင်းထားတဲ့ ချိတ်ဆက်ကိရိယာလေ။ နည်းပညာအဆင့်မြင့်ထားတာမို့ သူက အရိုးနဲ့ လက်တုကို ချိတ်ဆက်ပြီး ခိုင်မြဲစေတယ်။ ပြီးတော့ ပိုပြီးလဲ ချောမွေ့တာပေါ့" ဟု ကြိုတင်ရှင်းပြလိုက်သည်။

ရှန်ဝမ့်ချုံးသည် အနည်းငယ် မသက်မသာဖြစ်ရင်းသားမှ "ငါထိကြည့်လို့ရမလား။"

လုယောင် ခေါင်းညိတ်ခွင့်ပြုလိုက်သည်။

ရှန်းဝမ့်ချုံးသည် လုယောင်၏ နံဘေးတွင် ရပ်လိုက်ပြီး လက်လှမ်းလိုက်သည်။ လက်ချောင်းဖြင့် လု‌ယောင်၏ ပုခုံးအား ထိသည်ဆိုရုံမျှဖြင့် လက်ကို ပြန်ဆုတ်လိုက်ပြီး "ငါ လက်အရင်ဆေးလိုက်အုံးမယ်။"

တစ်လက်ကိုင် အချစ်သဝဏ်လွှာ - Second Hand Letter (ဘာသာပြန်) Where stories live. Discover now