နွေရာသီ ဖြစ်သည့်အားလျော်စွာ လုယောင်သည် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသည်။ ၎င်း၏ ရှပ်အင်္ကျီအောင်တွင် တီရှပ်တစ်ထည်ခံဝတ်ထား၏။ လုယောင်သည် ကြီးမားကျယ်ပြန့်သော ကိုယ်လုံးနှင့် ထူထဲနက်ရှိုင်းသည့် ကျောပြင်ကျယ်တို့ကို ပိုင်ဆိုင်ထားသည်။ ရင်ဘတ်မှ ကြွက်သားများမှာလဲ အဖုဖု အထစ်ထစ်နှင့် ကျုံ့ဆွဲအား သက်ရောက်သည့်နှယ် တင်းကားနေ၏။ လက်မောင်းကြွက်သားများမှာလဲ အင်မတန် ကြီးမားတုတ်ခိုင်လှသည်။

ယခုလက်ရှိ လုယောင်သည် ဆယ်ကျော်သက်အရွယ်က လုယောင်နှင့် အကွာကြီး ကွာခြားသွားချေပြီမှန်း ရှန်းဝမ့်ချုံး အမြဲခံစားမိ၏။ ယခင်က ပိန်ပိန်လျလျရှိသော်လည်း ယခုတွင်မူ ကြွက်သားအထစ်ထစ်ဖြင့်ပင်။ ထိုမျှမက သူသတိပြုမိပြီးနောက် တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။ သူလက်ကို ဆန့်ထုတ်၍ လုယောင်၏ ညာဘက်ပုခုံးကို ညှစ်လိုက်ရင်း "ငါမှတ်မိသလောက် မင်းညာဘက်ပုခုံးက အရင်က ဒီ့ထက် ပိုညှပ်တယ်မလား။"

သူသွားထိမိ၍ လုယောင်၏ နားရွက်များသည် အနည်းငယ်ရဲတက်လာရင်း "အရင်က ဘယ်ဘက်ကပဲ အလုပ်လုပ်နိုင်တော့ အဲတစ်ဖက်ကပဲ ကြွက်သားတွေကြီးနေတာလေ။ အခုနှစ်ဖက်လုံး ဘက်ညီသွားအောင် သေချာလေ့ကျင့်ထားတာ။"

ရှန်းဝမ့်ချုံးက ရယ်လိုက်ရင်း "အထက်တန်း စစ်ရေးလေ့ကျင့်တုန်းကဆို မင်း လမ်းလျှောက်ရင် ဘယ်လောက် တည့်တည့်လျှောက်လျှောက် ကိုယ်တစ်ခြမ်းက စောင်းနေတာ။" ထိုသို့ဖြစ်ရခြင်စမှာ ပခုံးနှစ်ဖက်မှာ မျှခြေမညီသောကြောင့်ပင်။

လုယောင်၏ သတ္ထုလက်အတုသည် လက်မောင်းအထိ ဖုံးကွယ်နေရာယူထားသည်။ လုယောင်ငယ်စဉ်က လက်အတုမတပ်ခြင်းမှာ လက်အနေအထားနဲ့ အဆင်မပြေလို့ဖြစ်မည်ဟု ရှန်းဝမ့်ချုံးအတွေးပေါက်မိသည်။ လက်ယောင်၏ ညာဘက်လက်မောင်းမှာ ငုတ်တိုလေးသာ ဖြစ်၍ သမားရိုးကျ ဈေးပေါသည့် လက်တုဝတ်ရန် ခက်ခဲလှပေသည်။

လုယောင်သည် ကိုယ်အင်္ဂါချို့တဲ့သူအဖြစ် မွေးဖွားလာသည်တော့ မဟုတ်ပေ။ အသက်ဆယ်နှစ်အရွယ်ထိ ကျန်းမာသန်စွမ်းသည့် သာမန်ကလေးငယ်လေးပင်ဖြစ်ခဲ့သည်။ ၎င်းသည် ညာသန်ဖြစ်၍ ညာလက်ဖြင့် ကျော့ရှင်းလှပသော စာလုံးများစွာ ရေးသားနိုင်သူလည်းဖြစ်သည်။ သို့သော်လည်း နွေရာသီပိတ်ရက် ဇာတိမြို့ဆီ သွားလည်စဉ်မှာ အဖြစ်ဆိုးတစ်ခု ကြုံဆုံခဲ့ရသည်။ ဇာတိမြို့မှ တောတွင်းတစ်နေရာ၌ လုယောင် ရက်စဘယ်ရီသီးများ ကောက်နေစဉ် လက်ဖျံသို့ မြွေကိုက်ခံလိုက်ရသည်။

တစ်လက်ကိုင် အချစ်သဝဏ်လွှာ - Second Hand Letter (ဘာသာပြန်) Where stories live. Discover now