"မင်းကတော့လေ လူပျိုကြီးဂုဏ်ကိုထိန်းသိမ်းပြီးနေလာသမျှ ဒီကောင်လေးနဲ့တွေ့မှ အရှုံးပေးရတော့မယ်နဲ့တူတယ်...."

"အဲ့ကောင်လေးကိုရရင် ငါ့လူပျိုကြီး ဂုဏ်ကိုစွန့်လွှတ်မှာ..."

"မင်းမရတော့ဘူး တော်တော်ဖြစ်နေပြီ..."

"ဟုတ်တယ် ငါတော်တော်ဖြစ်နေပြီ..."

ဂျောင်ဂုမှာ တော်တော်နဲ့ မပြန်သေး ထယ်ယောင်းစျေးရောင်းနေတဲ့ ပုံကို ရပ်ကြည့်နေမိသည်။

ယွန်းဂီ ကတော့ စိတ်မရှည်ချင်တော့ ရပ်နေတာလည်း 1နာရီနီးပါးရှိနေပြီမို့ ဂျောင်ဂုကိုပြောတော့သည်။

"ဟေ့ဟျောင်....ပြန်မယ်လေကွာ ဘာမှမဟုတ်ပဲ ရပ်ကြည့်နေတာ ငါညောင်းနေပြီကွ..."

"မင်းပြန်ချင် အရင်ပြန်နှင့်တော့ ငါတော့ ငါ့ကောင်လေးကိုကြည့်ဦးမှာ..."

"မင်းကွာ...လူမြင်မကောင်းပါဘူး သူများတွေမြင်ရင်တစ်မျိုးထင်ဦးမယ်.....ဒါမှမဟုတ် သူ့ဆိုင်မှာ တစ်ခုခု သွားဝယ်လိုက်ပါလား..."

"မင်းဘိုးအေမှပဲ....သူရောင်းတာ မိန်းကလေးအဝတ်အစားတွေ ငါကဘယ်လိုသွားဝယ်ရမှာလည်း ငါ့မှာ ညီမလည်းမရှိ အမလည်းမရှိနဲ့ ဝယ်ပြီး ဘာလုပ်ရမှာလည်း..."

"ဒါဆိုလည်း မင်းအိမ်မှာ ခိုင်းထားတဲ့ ကောင်မလေးတွေကို ပေးလိုက်ကွာ..... ဒီတိုင်းကြီးတော့ ရပ်မနေနဲ့ ရှက်စရာကြီး..."

ဂျောင်ဂုလည်း ယွန်းဂီပြောမှ အကြံရသွားသည်။

"အေး ဒါဆိုလည်းသွားမယ်ကွာ...."

ဂျောင်ဂုနဲ့ ယွန်းဂီလည်း ထယ်ယောင်းဆိုင်ရှေ့ရောက်တော့ မဝင်ရဲ.... မိန်းကလေးအဝတ်အစားလည်း တစ်ခါမှ မဝယ်ဘူး၍ ရှက်ကိုး ရှက်ကန်းဖြစ်နေမိသည်။

ထယ်ယောင်းတစ်ယောက် စျေးရောင်းနေရင်း ဂျောင်ဂုကိုမြင်သွားသည်။

!ဟင်....သူဌေးဂျွန်ပဲ ဘာကိစ္စ ဆိုင်ရှေ့လာတာလည်းမသိဘူး....ဟာ....ငါ မုန့်ဝယ်မကျွေးလို့များ ငါ့စီလိုက်လာတာလားမသိဘူး....ဒုက္ခပဲ...!

ထယ်ယောင်းသူတွေးချင်တာတွေးပြီး ဂျောင်ဂုကိုမျက်နှာချင်းမဆိုင်ရဲတော့။ အကွယ်လေးတစ်ခုမှာပုန်းနေလိုက်သည်။

𝗠𝘆 𝗟𝗶𝘁𝘁𝗹𝗲 𝗕𝗮𝗯𝗯𝘆Where stories live. Discover now