"ကလေး.... အိပ်နေတုန်းလား ထတော့လေ ကလေးရဲ့ ဘယ်အချိန်ရှိနေပြီလဲ..."

ထယ်ယောင်း သူ့ဆံပင်တွေကိုသပ်ပေးနေတဲ့ ဂျောင်ဂုရဲ့ လက်တွေကို ပုတ်ချလိုက်သည်။

"ဖယ်စမ်း ခင်ဗျားလက်..."

"ဘာလို့လဲ ကလေးရဲ့ ကိုယ့်ကိုစိတ်ဆိုးနေတာလား..."

ထယ်ယောင်း ဂျောင်ဂု ကိုမျက်စောင်းလှမ်းထိုးသည်။

"ခင်ဗျားကို စိတ်မဆိုးပဲနေမလား ခင်ဗျားလုပ်ပုံကိုကြည့်လေ ကျွန်တော် စိတ်မဆိုးသင့်ဘူးလား..."

"အော်... ကလေးရယ် ကိုယ်လည်း ဘယ်သွားချင်ပါ့မလည်း ကိုယ်တို့ရဲ့ မဂ်လာဦးညကို၊ ဒါပင်မဲ့ ကိုယ်မသွားမဖြစ်လို့ပါ.... ကိုယ်တာဝန်ယူထားတဲ့ ဆိုဒ်မှာ မနေ့ ညက အလုပ်သမားနှစ်ယောက် ထိခိုက်မှုဖြစ်လို့ အဲ့ဒါကိုယ်သွားရှင်းပေးနေရလို့ပါ.....စိတ်မဆိုးပါနဲ့ကလေးရယ်..."

"တော်ပါ....အဲ့လောက်ကိစ္စလေးကို ခင်ဗျားအတွင်းရေးမှူးသွားခိုင်းလည်းရတဲ့ဟာပဲ... "

"အတွင်းရေးမှူးနဲ့မဖြစ်တဲ့ ကိစ္စမို့ပါ ကလေးရယ်..."

ထယ်ယောင်းမှာ ဂျောင်ဂုကို ကျောခိုင်းကာ တစ်ဖက်လှည့်ထိုင်ပြီး နှုတ်ခမ်းကလည်း စူထားသေးသည်။

ဂျောင်ဂုမှာတော့ ထယ်ယောင်းပုံစံကိုကြည့်ကာ
အသဲယားနေတော့သည်။ သူ့ကလေးက ဒေါသကလည်းကြီး စိတ်ကလည်း အင်မတန် ကောက်တက်တဲ့ လူမျိုးမို့ သူ့မှာမနည်းချော့ရဦးမည်။

ထယ်ယောင်းကိုယ်လေးကိုဆွဲလှည့်ကာ သူ့ရင်ခွင်ထဲသွင်းလိုက်သည်။

"ကလေးကလည်းကွာ ကိုယ်တကယ်တောင်းပန်ပါတယ် ကိုယ့်ကိုစိတ်မဆိုးပါနဲ့တော့...ကလေးဘာဖြစ်ချင်လဲပြော ကိုယ်အားလုံးလုပ်ပေးမယ်..."

"ဘာမှမဖြစ်ချင်ဘူး ခင်ဗျားကို စိတ်ကုန်တယ်သိလား မဂ်လာဦးညမှာတောင် ပြန်မလာတဲ့ခင်ဗျားနဲ့ ရှေ့လျှောက်ဘယ်လို စခန်းသွားရမှာလဲ... "

"ကလေးရယ် ညကမဂ်လာမဦးရပင်မဲ့ အခုဦးလို့ရသေးတယ်လေ... မဟုတ်ဘူးလား ...အခုချိန်ဆိုနောက်မကြသေးပါဘူး ကိုယ်တို့မဂ်လာဦးကြမယ်..."

𝗠𝘆 𝗟𝗶𝘁𝘁𝗹𝗲 𝗕𝗮𝗯𝗯𝘆Where stories live. Discover now