အပိုင်း ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅

Start from the beginning
                                    

ယုံးဝူမင့်က မျက်လုံးများကျဥ်းမြောင်းသွားအောင် ပြုံးလိုက်ရင်း သူမနဖူးကို လက်ညိုးဖြင့်တောက်လိုက်၏။

"ပိုးစာပင်လေး မင်းကမဲညစ်နေတဲ့နှလုံးသားရှိတဲ့သစ်သီးလေးပဲ!"

ယွင်ရွှီကျိုးခေါ်လာသည့် တော်ဝင်ကိုယ်ရံတော်တွေက အလုပ်ရုံပျက်ထဲပြေးဝင်လာကာ ပူစီဖောင်းတွေ တစီစီထွက်နေကာ အသက်အနိုင်နိုင်ရှုနေရသည့် သော့ပြင်သမားအား ဆွဲထုတ်သွားကြသည်။

မြေကြီးပေါ်မှာ မလှုပ်နိုင်မရှားနိုင်ဖြစ်နေသောယွင်ရွှီယန်က နောက်ဆုံးတော့ အသိဝင်လာသည်။

"အစ်မတော်! ကျွန်တော် ..ကျွန်တော်..ယွင်နှစ်နဲ့ကျွန်တော်က လူသတ်သမားကို အောင်အောင်မြင်မြင်ဖမ်းခဲ့တာပါ! !ဟုတ်တယ် ခုည ကျွန်တော် ရုတ်တရက်ကြီး သဲလွန်စတစ်ခုစဥ်းစားမိသွားလို့ ယွင်နှစ်ကိုခေါ်ပြီး သူ့ကိုသက်သေနဲ့တကွမိအောင် လိုက်ဖမ်းခဲ့တာပါ!"

"ပါးစပ်ပိတ်ထားလိုက်တော့"

ယွင်ရွှီကျိုးက အားပျော့စွာပြောလိုက်သည်။

"ငါ အကုန်မြင်ပြီးသွားပြီ"

ယွင်ရွှီယန်က သူ့အစ်မဖြစ်သူမျက်နှာက ဖြူလျော်ကာသွေးမရှိတော့တာကိုမြင်လိုက်ရတော့ မကောင်းတော့ဘူးဆိုတာ သိလိုက်သည်။ သူချက်ချင်းပင် မျက်ရည်တွေကျကာငိုကြွေးရင်း အသနားခံတော့သည်။

"အစ်မတော်! ဒါကျွန်တော်နဲ့ မဆိုင်ပါဘူး! ကျွန်တော်က ဒီတိုင်း ဒီတိုင်း ခါးသီးလွန်းပြီး ပင်ပန်းလွန်းလို့ပါ။ ကျွန်တော့်ဘဝက သေတာထက်ဆိုးနေတာလေ ... အဲ့ဒါကြောင့် လွန်ခဲ့တဲ့ရက်နည်းနည်းက လူသတ်မှုမြင်ကွင်းကို မတော်တဆမြင်လိုက်ရချိန်မှာ အဲ့ဒီသနားစရာအမျိုးသမီးကိုကြည့်ရတာ နည်းနည်းစိတ်သက်သာရာရသလိုဖြစ်သွားတာကို ခံစားလိုက်ရတယ်။ ကျွန်တော် ဘာမှမလုပ်ခဲ့ပါဘူး။ တကယ်ပါ..ကျွန်တော် ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး။ လူသတ်တဲ့သူက သော့ပြင်သမားပဲ!"

ယွင်ရွှီကျိုးက ကိုယ့်နဖူးကိုယ်အုပ်ကိုင်ကာ ခန္ဓာကိုယ်က မတည်မငြိမ်ဖြစ်လာသည်။

"ယွင်ရွှီယန် နင်ငါ့ကို အကြီးအကျယ်စိတ်ပျက်စေခဲ့ပြီပဲ!"

"အစ်မတော်! ဒါကျွန်တော့်အမှားမဟုတ်ဘူး! အစ်မတော်မှာရော အပြစ်မရှိဘူးထင်နေလား"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now