"ဘယ်လိုဟာလဲ"

Win တစ်ယောက် ခေါင်းကိုသာခါယမ်းနေမိတော့တယ်
ဒီသားအဖတွေနဲ့တော့ Metawin တို့အသက်တိုရချည်ရဲ့။
👨‍👨‍👦👨‍👨‍👦👨‍👨‍👦

"ပါးပါး"

Win မနက်စာတွေအား စားပွဲပေါ်နေရာချရင်းပြင်နေစဉ် မူကြိုဝတ်စုံလေးနဲ့ပြေးဆင်းလာသော Bunny လေးရယ်ပါ

"သား ဖြေးဖြေးလာလေ ချော်လဲအုံးမယ်၊၊ ဒါနဲ့ မင်းဒယ်ဒီရော အခုထိပြင်လို့ဆင်လို့မပြီးသေးဘူးလား၊ ဘာလို့ကလေးကိုတစ်ယောက်ထဲအရင်လွှတ်လိုက်တာလဲ"

"ပြီးပါပြီအချစ်ရယ် ကိုယ် Meeting အတွက် Dew ကိုဖုန်းဆက်ပြီးလှမ်းပြောတုန်း သားကပြေးဆင်းသွားတာလေ"

Dew က Bright ရဲ့ငယ်သူငယ်ချင်းဖြစ်သလို အခုလက်ရှိမှာတော့ Bright ASTRO company မှာ မန်နေဂျာရာထူးနဲ့ အလုပ်လုပ်နေသူပါ ရှယ်ယာလည်းပါတာပေါ့

ASTRO CEO ကြီး Bright ကတော့ company မှာ အရှိန်အဝါအပြည့်နဲ့သြဇာညောင်းသလောက် အိမ်မှာတော့ Win ကိုကြောက်ရသူရယ်ပါ (ပြောရရင်တော့ မိန်းမကြောက်ပေါ့🤣)
👨‍👨‍👦👨‍👨‍👦👨‍👨‍👦

"ပါးပါး သားသားမူကြိုသွားပြီနော် ရွှတ်"

Bunny ပြောရင်း Win ပါးလေးအားနမ်းလိုက်တော့ ဘေးက တစ်ယောက်ကလဲ အားကျမခံ

"ကိုယ်လည်း သွားပြီနော်အချစ်ကလေး ရွှတ်"

Win တစ်ယောက် မနိုင်ဘူးဆိုသောအကြည့်ဖြင့် ခေါင်းလေးကိုခါယမ်းရင်း

"ကားကို ဖြေးဖြေးမောင်းသွားကြအုံးနော်၊ ပြီးတော့ပြဿ နာလဲရှာမလာကြနဲ့အုံးနော်"

"စိတ်ချပါဗျာ တာတာ့"

"ပါးပါး တာတာ့"

Win လည်း နှစ်ခြိုက်ခြိုက်ပြုံးရင်း လက်လေးပြန်ပြကာကျန်နေခဲ့သည်။
ဒီလိုပါပဲ ကျွန်တော်တို့အိမ်လေးက အချစ်တွေနဲ့ပြည့်နှက်နေတဲ့အိမ်လေး။ တခါတခါ ဟိုသားအဖနှစ်ယောက်အချိုးမပြေလို့ ဆူငေါက်နေရတာကလွဲလို့ပေါ့။ ဟင်းး အခုလဲ ညနေပြန်လာရင် ဘာအသံတွေကြားရအုံးမလဲမသိဘူး
ဟူးး ဒီသားအဖတွေ ဘာပြဿ နာမှမရှာပဲ အချိုးပြေပြေပြန်ကြပါစေလို့ ဆုတောင်းရင်း........
👨‍👨‍👦👨‍👨‍👦👨‍👨‍👦

"ဒယ်ဒီ Bunny မူကြိုမသွားဝူး"

ကားလေးမှာ ခြံထဲကထွက်ရုံရှိသေး ပြောလိုက်တဲ့ Bunny စကားရယ်ပါ (Win ဆုတောင်းမပြည့်တော့ဘူး🤣)

"ဟင် သားရယ် မင်းကမူကြိုမသွားလို့ ဘယ်သွားချင်တာလဲ မင်းပါးပါးသိရင် ဒယ်ဒီတို့ အိုးစားကွဲမှာနော်"

"သား ဒယ်ဒီ company ကိုလိုက်ခဲ့မယ်လေ ဦးဦး Dewကိုလည်းတွေ့ချင်တယ် ဟီး"

သားက Dew ကိုသိပ်သဘောကျတာ၊ Dew ကလည်း သားကိုသိပ်ချစ်ရှာပါတယ်၊ ဘယ်နေရာသွားသွား သားကိုခေါ်သွားလေ့ရှိတယ် အထူးသဖြင့် သူ့ကောင်လေး Nani ကိုသွားကြောင်တဲ့အခါပေါ့။ Dew က ရေခဲမုန့်ဆိုင်ပိုင်ရှင်လေး Nani ကိုကြိုက်နေလေတော့ သားကိုရေခဲမုန့်ဝယ်ကျွေးဖို့အကြောင်းရှာရင် သွားသွားဖွန်ကြောင်ရတာပေါ့ သားကလည်း ရေခဲမုန့်သိပ်ကြိုက်တာဆိုတော့ သူတို့နှစ်ယောက်ကအတွဲမိနေလေရဲ့

အခုလဲ Dew ကိုတွေ့ချင်တာ အဲ့အကြံမှန်း Bright သိပ်သိတာပေါ့ ဟင်းဟင်းး ငါ့သား ငါ့သား

"နော် ဒယ်ဒီ နော် နော် "

သားရဲ့အသံမပီတပီလေးကို ကြားလိုက်ရတော့မှ Bright အတွေးစတို့ရပ်တန့်သွားပြီး

"သား မင်းပါးပါးသိရင် ဒယ်ဒီတို့မလွယ်ဘူးနော် ဖြစ်ပါ့မလားသားရယ်"

"ဒယ်ဒီကလဲ ပါးပါးကမသိပါဘူး သားတို့က ပါးပါးမသိအောင်လုပ်မှာပဲဟာ"

နှုတ်ခမ်းလေးထော်ကာ ပြောလာနေသော Bunny လေးကြောင့်
Bright တစ်ယောက်လက်မြှောက်ရှုံးပေးကာ

"ဟုတ်ပြီကွာ လုပ်ကြတာပေါ့၊ မိတော့လည်း အတူတူခံကြတာပေါ့သားရေ "

"ယေးး ဒါမှတို့ဒယ်ဒီကွ"

လက်လေးမြှောက်ကာ ထခုန်နေသော သားသား

Bright တစ်ယောက်ကတော့ Win သိသွားရင် ဖြစ်လာမယ့်အရေးကိုတွေးကာ ခေါင်းကြိမ်းရင်း သက်ပြင်းတွေသာရှိုက်နေမိတော့သည်

"တောင်းပန်ပါတယ် ကိုယ့်အချစ်ရေ ဒီတခါထဲပါကွာ ဟီးဟီး"

Part 2>>>>>>

အစကတော့ 🖤အမုန်းနှောင်ကြိုး🖤 လေးပီးမှတင်မို့ပဲ စိတ်မြန်လက်မြန်ရှိတဲ့ ကိုယ်စိတ်ကြောင့် တင်ချပလိုက်ပီ 😁
အမုန်းနှောင်ကြိုး နဲ့တလှည့်စီ တင်ပေးသွားမယ်နော်
ဒီဟာလေးကတော့ He လေးပါ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာလေးပေါ့
ဝေဖန်ပေးအုံး

👨‍👨‍👦ချစ်ရည်လွှမ်းသော ချစ်စံအိမ်👨‍👨‍👦Where stories live. Discover now