.
.

"အရေးပေါ် သွေးသွင်းရမယ်... သွေးအိတ်တွေ အသင့်ပြင်ပေးပါ..."

ဆေးရုံတံခါးကိုဖြတ်ကျော်တာနဲ့ အရေးပေါ်ခန်းဆီဝင်ရောက်သွားတဲ့ ဆရာဝန်တွေနဲ့ သတိမေ့​မျောနေပြီဖြစ်တဲ့ ဝမ်ရိပေါ်....

နှာခေါင်းမှာတပ်ထားတဲ့အသက်ရှုကိရိယာမှာ သွေးစတွေစင်ပေနေတာကို ရှောင်းကျန့် မျက်လုံးထဲက မထွက်....

"မဟုတ်ဘူး..."

မဟုတ်ဘူး... မဟုတ်ရပါဘူး...

သူ့တစ်ကိုယ်လုံးတုန်ယင်နေကာ သူ့လက်မှာ ရိပေါ်ရဲ့သွေးတွေပေကျံနေတုန်းပဲ...
သူ့ခြေထောက်တွေဟာခွေယိုင်လဲတော့မတက်...

ဘယ်သူ့ကိုဒေါသထွက်ရမှန်းမသိ...
ဘာကိုတိုင်တည်လိုက်ရတော့မှန်းမသိ...
ကြောက်စိတ်တွေသာ အလုံးအရင်း တိုးဝင်လို့နေတယ်။

"လူနာရှင် လက်မှတ်တစ်ချက်ထိုးပေးပါ.."

"...."

"လူနာရှင်..."

"ရှောင်းကျန့် သတိထားဦး!!.."

ဒေါက်တာလျိုက အနားကိုရောက်လာကာ အသံကျယ်ကျယ်အော်တယ်။

"ဆရာ... ဆရာ... လုပ်ပါဦး.. ကယ်ပေးပါဦး... ရိပေါ်..ရိပေါ်..သူ.. "

"စိတ်အေးအေးထားပါ... ကျွန်တော်သေချာစစ်ဆေးပေးမှာမို့... ခဏပဲ စောင့်ပေးပါ.."

"ကျေးဇူးပြုပြီး... "

သူမျက်နှာဟာ မျက်ရည်တွေနှာရည်တွေနဲ့ စိုရွဲလို့နေခဲ့ပြီ...
ဒေါက်တာလျိုကို မျှော်လင့်ချက်ကြီးစွာ ကြည့်ရင်းဆိုတော့ တစ်ဖက်လူဟာ ဂရုဏာမျက်ဝန်းနဲ့...
သူ့ပုခုံးပေါ် လက်တစ်ဖက်ပုတ်ရင်း...

"စိတ်ချပါ... သူဖြတ်ကျော်မှာပါ.."

ပြီးတာနဲ့အရေးပေါ်ခန်းထဲဝင်ရောက်သွားတဲ့ ဒေါက်တာ...

အခန်းဝမှာပဲ ငုတ်တုတ်ထိုင်လို့ သူ့ရှေ့ကနေဖြတ်သန်းသွားတဲ့လူတွေရဲ့ ခြေလှမ်းတွေကိုသာ တောင်စဥ်ရေမရ ကြည့်နေမိတယ်...
နုတ်က တစ်တွတ်တွတ်ရေရွတ်ရင်း...

"မလုပ်ပါနဲ့... ဘာမှမဖြစ်ပါနဲ့... "

ဝမ်ရိပေါ်... ကိုယ့်ကို မထားခဲ့ပါနဲ့...

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]Onde as histórias ganham vida. Descobre agora