Part 10: Happiness

Start from the beginning
                                    

ခေါင်းပေါ်ကို ဘီးကုတ်တစ်ခုလာတပ်လိုက်သလိုပဲ

" ဘာလဲ .... ဘီးကုတ်လား ဘာပံုစံကြီးလဲ
မမြင်ရဘူးဆိုတိုင်း ပေါက်ကရတော့လုပ်နေတာ
မဟုတ်ပါဘူးနော် "
       " မဟုတ်ပါဘူး .... လိုက်တယ် တကယ် "
       " ဟုတ်လို့လား .... "
       " ဒါပေါ ့.... ဓာတ်ပံုရိုက်ကြမယ် "

သူကပခံုးကိုဖက်ထားလိုက်တော့ ကင်မရာကိုရှာမ
တွေ့ပေမယ့် ပြံုးနေလိုက်မိတယ်

        " မစီးရဲဘူး Perth !!!!! ကြောက်တယ် "
        " ဘာမှမဖြစ်ပါဘူး .... လာပါ ခဏနေ ကစား
ကွင်းကပိတ်တော့မှာ .... "

ကြောက်ကြောက်နဲ့ သူခေါ်ရာလိုက်သွားမိပေမယ့်
သူ့လက်တွေကိုကိုင်ပြီး တိမ်တွေပေါ်လွင့်မျောနေတဲ့
ခံစားချက်  ....
ကြောက်ပေမယ့် ပျော်တယ် ... လံုခြံုတယ်

      " အေးစိမ့်စိမ့်နဲ့ .... ဒါပေမယ့် ညလေလေးက
ကောင်းလိုက်တာ ..... "
      " ဒီမှာထိုင်ကြမယ် .... ကိုဘီယာဝယ်လာတယ်
မြက်ခင်းပေါ်ထိုင်ပြီး ဘီယာသောက်ရတာ
အရမ်းမိုက်တာ "

Cheers !!!!! ဒီညတော့ ကောင်းကောင်းသောက်ဖို့
ဆံုးဖြတ်လိုက်ပြီ

      " ဘယ်လိုလဲ ..... "
      " ခါးသက်သက်နဲ့ .... ဒါပေမယ့် မဆိုးဘူးပဲ "
      " ကိုမင်းဖုန်းနဲ့ရိုက်ထားမိတာ .... နောက်နေ့မှပြန်
ကူးတော့မယ်  "

Perth ရဲ့ပခံုးတစ်ဖက်ပေါ် ခေါင်းလေးတင်ပြီးမီှ
ထားလိုက်တယ်

       " မျက်လံုးတွေပြန်မြင်ချင်ပြီ  .... Perth နဲ့အတူ
ရိုက်ထားတဲ့ပံုလေးတွေကြည့်ချင်လို့ "
        " May ကသူ့စကားကို တည်မှာပါ ....
သူမင်းကိုကူညီမှာပါ "

ဘာလို့ တရင်းတနှီးနာမည်ကိုခေါ်နေသလို ခံစားနေရ
တာလဲ ..... ထူးတော့မထူးဆန်းပါဘူးလေ

         " ဆုတောင်းရတာပေါ့ .... "
        " ဖြစ်လာနိုင်မှာ .... "
        " အင်း ...... "

ခဏကြာတိတ်ဆိတ်နေရင်း ကြယ်တွေကိုငေးကြည့်နေမိတယ် .....
ဒီအချိန်ကြယ်ကြွေခဲ့ရင် .... ဒီအချိန်လေးရပ်တန့်နေ
ပါစေဆုတောင်းချင်လို့လေ
နေထိုင်ရတဲ့ဘဝချင်းကွာခြားတဲ့ ကိုယ်တို့နှစ်ယောက်
ကပေါင်းဖက်နိုင်ပါ့မလား
မင်းလိုကောင်လေး က..... ငါ့လိုလူဆိုးတစ်ယောက်နဲ့
ထိုက်တန်ရဲ့လား .....
ဘာတွေဖြစ်လာမလဲမသိပေမယ့် .... အခုလက်ရှိအ
ခြေအနေလေးကို အကောင်းဆံုးဖြတ်သန်းချင်မိ
တယ်

        " တကယ်လို့လေ .... ကိုကမင်းကိုတခုခု "

ပြောနေရင်းနဲ့ကြည့်လိုက်မိပေမယ့် .... အိပ်ပျော်နေ
တာပဲ
ငါ့ရဲ့ပခံုးတစ်ဖက်မှာ နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်
နေတာပဲ

       " တောင်းပန်ပါတယ် .... Chimon
ကိုကမကောင်းတဲ့သူပါ "

အိပ်မောကျနေတဲ့ကောင်လေးရဲ့ ဆံပင်လေးတွေက်ို
ဖွဖွလေးနမ်းရှိုက်လိုက်တယ်

                Coming

Light Where stories live. Discover now