"ကျွန် ... ကျွန်တော်တို့က ဒီနားမှာ လေ့ကျင့်နေတာ မဟုတ်ဘူးလား ထပ်လုပ်ဦးမလို့လား ..."

ရှောင်ကျားရှုက သူ့နှုတ်ခမ်းကို မရပ်မနား လျာဖြင့် သပ်နေလိုက်သည်။

"အခုတော့ မဟုတ်သေးဘူး အရင်ဆုံး ဗိုက်ဖြည့်လိုက်ကြရအောင် ..."

ကျိမြန်က သူ၏ ပြားချပ်နေသောဗိုက်ကို ထိကာ ပြောလိုက်သည်။ အမျိုးမျိုးသော အကြောင်းကိစ္စများ ဖြစ်ပွားခဲ့သည့်အတွက် ရှောင်ကျားရှုလည်း ပေါင်ချိန်အများအပြား ကျဆင်းသွားခဲ့ကာ ယခုအချိန်တွင် သူ့ခါးမှာ လက်တစ်ဖက်ပွေ့စာမျှသာ ကျန်ရစ်ခဲ့တော့သည်။

ရှောင်ကျားရှုကမူ လုံးဝ ဗိုက်မဆာသေး။ ကျိကော၏ ခံတွင်းရည်ဖြင့်ပင် ဗိုက်ပြည့်နေပြီ ဖြစ်သော်လည်း ကျိကောကမူ ထိုသို့မဟုတ်နိုင်။ ထို့ကြောင့် ဟင်းလျာစာရင်းစာရွက်ကို ကောက်ယူကာ မည်သည့်ဟင်းလျာများ ရနိုင်ကြောင်း ကြည့်ရှုလိုက်တော့သည်။ ကုတ်အင်္ကျီချွတ်နေသော ကျိမြန်၏ လှုပ်ရှားမှုတို့ တစ်ခဏမျှ ဆိုင်းတွပြီးကာမှ ခေါင်းကိုခါယမ်းလျက် ရယ်မောလိုက်တော့သည်။

တံတွေးတွေနဲ့တင် ဗိုက်ပြည့်တယ် မင်းကိုယ်မင်း မှင်စာလို့များ ထင်နေသလားကွာ ...

ကုတ်အင်္ကျီကို ချွတ်ပြီးနောက် ရှောင်ကျားရှုကို ပွေ့ဖက်လျက် ဟင်းလျာစာရင်းကို အတူတူ ကြည့်လိုက်ကြသည်။ သူတို့နှစ်ဦး အတူတူရှိသည့် ကာလမှာ များစွာ မကြာမြင့်လှသေးသည့်တိုင် တစ်ယောက်‌ကိုတစ်ယောက် နက်နက်ရှိုင်းရှိုင်း နားလည်ထားကြသဖြင့် နှစ်ယောက်လုံး ကြိုက်နှစ်သက်သည့် ဟင်းလျာများကိုသာ မှာယူလိုက်ကြသည်။

စားစရာ လာပို့မည်ကို စောင့်နေစဉ် ကျိမြန်က ရှောင်ကျားရှုကို နောက်ကျောဘက်မှ ပွေ့ဖက်လျက် နူးညံ့စွာ တီးတိုးပြောလိုက်သည်။

"အခုတလော စိတ်မ‌ကြည်စရာတွေ အများကြီး ဖြစ်ပျက်ခဲ့တာ အခုရော နည်းနည်း စိတ်အခြေအနေ ပိုကောင်းလာပြီလား ကိုယ် မင်းကို ပြောပြချင်ခဲ့တာ အဲဒီနေ့က ပြဿနာကို ကိုင်တွယ်ဖို့ နည်းလမ်းတွေ အများကြီးရှိတော့ နားလည်မှု လွဲသွားဖို့ရော တိုက်ခိုက်ခံရဖို့ရော လွယ်တယ်လို့ ကိုယ်က မင်းကို ပြောင်းလဲဖို့ ပြောတာ မဟုတ်ဘူး မင်းကို ဒုက္ခခံခိုင်းဖို့ မပြောနဲ့ နေ့တိုင်း ပျော်ရွှင်တဲ့ ‌ဘဝလေးထဲမှာပဲ နေစေချင်ခဲ့တာ ကိုယ်နဲ့သာဆိုရင် ဘာကိုမှ ပူနေဖို့ မလိုအပ်ဘူး ဟုတ်ပြီလား ..."

ကိုယ် မင်းကို ဘယ်လိုဖွင့်ပြောရမလဲ  (IQ Team ကစာစဥ်တစ်ခုပါ) (Completed)Where stories live. Discover now