ပြန်လမ်းတစ်လျှောက် ခက်ထန်ငေးကြည့်နေသည်ကို ထင်ရှားရိပ်မိသည်။ထင်ရှား အလုပ်မဟုတ်ပါလေ။

***
ခွေးမသား။ထင်ရှားကြောင့် ပွဲပျက်သွား၍ ဦးမင်းခက်ထန် သူ့ကို ကမ္ဘာမကြေ။သည်ရွာကို ရောက်လာသည်မှာ တစ်ပတ်မပြည့်သေး။
ကယ်တင်ရှင်လိုလို သူရဲကောင်းလိုလို လာလုပ်နေသည်။

ဒါမျိုး ဦးမင်းခက်ထန်ကို ကျောလို့ရမည်မဟုတ်။
သူ့အကြောင်းကို သိရမည်။

ထိုအဖြစ်အပျက်က ဦးမင်းခက်ထန်ခေါင်းကို တက်နင်းသလိုဖြစ်သွားသည်။ထို့ပြင် ရွာထဲမှ ဝေဖန်သံများက အဆူအညံ။

' ဘုရားသခင် ကောင်းချီးပေးပါစေ '

' အ့ကောင်လေးက ဘယ်သူလဲ ?? '

' ဒီရွာမှာ တစ်ခါမှ မမြင်ဖူးဘူး ဘုရားသခင်က လွှတ်လိုက်တာနေမှာ ! '

ဦးမင်းခက်ထန်နာမည်ကို မည်သူမျှ တိုက်ရိုက်မခေါ်ရဲ။သို့ကြောင့် ရှူးမင်းညို,ဟုသာ ခေါ်သည်။

' ရှူးမင်းညို အမိန့်ကိုတောင် လွန်ဆန်ရဲတာ ဒီကောင်လေးက ဘယ်သူများလဲ ? '

' ဒီကောင်လေးရဲ့ သတ္တိကိုလေးစားပါတယ် '

' ဒီကောင်လေးက နယ်နယ်ရရတော့ မဟုတ်ပါဘူး '

' ရှူးမင်းညို ဒီကောင်လေးကို အပြစ်ပေးမယ်တဲ့ ? '

' အ့ကောင်လေးနဲ့ တော်ဝင်ခက်ထန်တို့က ဘာတွေလဲ '

' ဒီကောင်လေးက ရှူးမင်းညိုကို နိုင်သွားတဲ့လူ
လား '

'‌ တောက်စ် ' တစ်ချက် ခေါက်သံနှင့်အတူ
' ဒိုင်း ' ခနဲ သေနတ်ပစ်သံတစ်ချက်ကြောင့်
တစ်ရွာလုံး ရှိနေရာမှ ကိုယ့်အခန်းကိုယ်စီ
အပြေးအလွှား။သို့ရာတွင် မထင်မှတ်ဘဲ။

" ဇောင် ?? အကိုဇောင်လား ? "

မျက်နှာဖုံးမဟုတ်။နှာခေါင်းနှင့်ပါးစပ်ကို mask တပ်ထားသလိုမျိုး အုပ်ထားသည့်ပမာအတိုင်း။

" Hia (အကိုကြီး) ဒီကောင်က ဘယ်သူလဲ!! ကျွန်တော်တို့ ဖမ်းလိုက်ရမလား ! "

" တိတ် !! မင်းတို့ဟိုဖက်မှာ လုပ်စရာရှိတာ သွားလုပ် ၊ ငါလိုက်လာခဲ့မယ် "

Htan - ထန် ( ‌ရပ်တန့်ထားပါကြောင်း )Where stories live. Discover now