Chapter-2

122 15 4
                                    

"Hyung ဒီမှာ အဖွဲ့မှူးပေးလိုက်တဲ့ စာရွက်စာတမ်းတွေ"

"အော် အင်းအင်း Mark ကျေးဇူးနော်"

Mark က Doyoung ရဲ့ Junior ဖြစ်ကာ သူတို့နှစ်ယောက်ကအိမ်အတူငှားနေကြတာလည်းဖြစ်သည်။Doyoung အဖွဲ့မှူးပေးတဲ့စာရွက်စာတမ်းတစ်ချို့ကိုကြည့်ကြည့်လိုက်တော့ Jaehyun ရဲ့အချက်အလက်တစ်ချို့  သူ့ကိုဆက်သွယ်ရမယ့် contact number နဲ့  Jaehyun လက်ရှိနေနေတဲ့ အိမ်လိပ်စာ ...အင်းတကယ်ကြီးသွားတွေ့ရတော့မယ်ပေါ့လေ

Doyoung သူဖုန်းထုတ်လိုက်ရင်းနဲ့ Jaehyun manager phone number အားနှိပ်လိုက်ကာ

"Hello ဟုတ်ကဲ့ ကျွန်တော် Neo Entertainment က Kim Doyoung ပါ "

"ဘယ်သူ Kim Doyoung "

"ဟုတ်ကဲ့ ဒီဖုန်းနံပါတ်က actor Jaehyun ရဲ့ manager number လားမသိဘူး"

"ဟုတ်ပါတယ် ဒါနဲ့စောနက ပြောလိုက်တာ Kim Doyoung ဆိုတာလား"

"ဟုတ်..."

"xxxအထက်တန်းကျောင်းကလား"

"ဟုတ်ပါတယ် ဘယ်သူလဲမသိဘူး ကျွန်တော့်ကိုသိလို့လား"

"အာ Hyung ကျွန်တော် Jeno လေ"

" Jeno....အာ စာအုပ်ငှားပေးလိုက်တဲ့ ညီလေး"

"မှတ်မိပြီပေါ့ ဒါနဲ့ Hyung က အဲ့မှာအလုပ်လုပ်နေတာလား"

"ဟုတ်တယ် ဒါနဲ့မင်းက Jaehyun ရဲ့ manager တဲ့လား"

"ဟားဟား ဒီလို Jaehyun Hyung ကကျွန်တော့်အကိုတစ်၀မ်းကွဲလေ သူမော်ဒယ်စလုပ်တည်းက schedule တွေများလာတော့ မနိုင်တော့ဘူးဆိုလို့ ကျွန်တော်ကူညီပေးနေတာ ဟိုလို pro ကျကျ manager တော့ ဟုတ်ပါဘူး"

"အဲ့တာဆို Jeno ah Hyung ကိုတစ်ခုကူညီပေးပါလား  Neo Entertainment က Jaehyun ကိုစာချုပ်ချုပ်ချင်တဲ့အကြောင်း အဲ့အကြောင်းနဲ့ပတ်သတ်ပြီးပြောဖို့ အဲ့တာ appointment လေးယူပေးလို့ရမလား"

"အာ Hyung သူက ဘယ်သူနဲ့မှ စာချုပ်ချုပ်ဖို့အစီအစဥ်မရှိဘူး လက်ခံမှာမဟုတ်လောက်ဘူး လာသမျှငြင်းလွှတ်နေတာ "

"အဲ့တာကြောင့်လေ အကူအညီတောင်းတာပါဆို ဒီနေ့ Hyung နဲ့တွေ့မလား Hyung business card လေးပေးလိုက်ချင်လို့"

Attention (JaeDo)Where stories live. Discover now