Td : စိတ်ထိန်းကြပါ မင်း  မင်းရဲ့ ကားကို ပြန်လိုချင်လား အဲ့အတွက် နောက်ထပ် ပွဲလေးတစ်ခုလောက် စ မလား "

" ဘာလဲ drift ထပ်ဆွဲမှာလား ဆိုင်ကယ်လား ဒီခါ မင်းစီစဉ်ထားတဲ့ အတိုင်းတော့ မပြိုင်နိုင်ဘူး "

AJ : မင်း ဘာ ကလိန်ကျဦးမလို့လဲ ခု Perth ရှုံးသွားတဲ့ ပွဲမှာလည်း မင်းကလိန်ကျထားတာ မသိဘူး မထင်နဲ့ သက်သေပဲမရှိတာ  "

Td : ရှုံးရင် ရှုံးတယ်ပေါ့ ဘာတွေ လွဲချနေတာလဲ "

ကျွန်တော် အံသာကြိတ်မိတော့သည်။ ဒီလိုကောင်နဲ့ ဘယ်လိုများ ပတ်သက်မိပါလိမ့်။

" ဘယ်ချိန် ဘယ်နေရာလဲသာ ပြောလိုက် "

Td : No .. No ဒီခါက အဲ့လိုပြိုင်မဲ့ပွဲ မဟုတ်ဘူး တစ်ခုခုပေါ့ ဆက်သွယ်လိုက်မယ် ခဏစောင့်နေ .. "

အနားကပ်ပြီး ပခုံးကို လာပုတ်တာမို့ ခြေတစ်လှမ်းဆုတ်ပြီး ရှောင်လိုက်သည်။ ထိုးလိုက်ချင်တဲ့ လက်သီးတွေကို ကျစ်ကျစ်ပါအောင်ဆုတ်ထားရင်းပေါ့ ။ သူတို့အုပ်စု ထွက်သွားတဲ့အခါ

JJ : မင်းတို့ကလည်း သတ္တိကြောင်နေလိုက်ကြတာ "

" မဟုတ်ဘူး ခုချိန်သွားလုပ်လိုက်ရင် ရှုံးမဲ မဲတယ်ဖြစ်မယ် ငါ အဲ့လို အဖြစ်မခံနိုင်ဘူး မင်းတို့သိပါတယ် ပြိုင်ပြီဟေ့ဆို မညစ်တတ်သလို အရှုံးကိုလည် လက်ခံနိုင်ပြီး အပေးအယူကို လောင်းကြေးအတိုင်း အတိအကျ ယူသင့်တာယူ ဆပ်သင့်တာဆပ်တယ်ဆိုတာ "

AJ : သိတယ်... သိတယ် အဲ့တာကြောင့် ခု ထပ်ရထားတဲ့ပြိုင်ကားလည်း ဆုံး ၊ ဘဲလည်း ရတော့မယ်ဆိုတာ "

JJက သူ့အစ်ကို စကားကို ဟက်ဟက်ပက်ပက်ရယ်လေသည်။

" ခွေးကောင်တွေ တော်တော်ပျော်နေကြတာ "

JJ : မင်း အဲ့ကိစ္စကရော ... ဘယ်လိုဖြစ်တာလဲ ပြောဦး "

" တော်ပြီကွာ အိမ်ပြန်ပြီ ဒီနေ့ ကျက်သရေမရှိဘူး ဟိုကောင်ကို မြင်လိုက်ရတာ "

အနောက်မှာ AJတို့ JJတို့ ပွစိပွစိနဲ့ ကျန်ခဲ့လေသည်။ ကိုယ်တိုင်ကတော့ တကယ်ခေါင်းစားနေရပြီ ။

ဒီကိစ္စတွေရဲ့ အစကတော့ စောစောက ပြဿနာလာရှာတဲ့ Bane td နဲ့ စခဲ့တဲ့ ဇာတ်လမ်းပင် ။ ခုလို ဖြစ်စဉ်တွေရဲ့ အစကို စကြည့်ရရင် ~ 

5.Blind Date (Ongoing)Where stories live. Discover now