AJ မှ ကျွန်တော့်ဇာတ်ပိုးကို လာအုပ်ပြီး
" တူလို့လား ၊ငါတို့က သူငယ်ချင်း ဒါက ဘယ်ခေါင်းစဉ်အောက်နဲ့သွားတာလည်း မင်း မသိတာ မဟုတ် "

JJ : တစ်ဖက်က ဘယ်လိုလေးလဲ "

စိတ်ရှုပ်ရတဲ့ထဲ ဒီအမြွှာနှစ်ယောက်က တမျိုး။

" ဘယ်လိုလဲ အရှုံးသမားကြီး "

ဒီအသံကတော့ မကြားချင်တဲ့ အသံတစ်ခုဖြစ်တဲ့ စီးပွားရေးဌာနက  Bane td ပဲဖြစ်သည် ။ ကိုယ်တွေကတော့ နှံပြည်စုတ်လို့ခေါ်တယ် ။ အသားဖြူဖြူ ရုပ်ကချောသလိုရှိပေမဲ့ သွားကြီးဖြဲဖြဲနေတာက မျက်နှားရူးရုပ် ၊ကိုယ်နဲ့ ရန်ဘက်လိုပြိုင်ဘက်တစ်ယောက်။ 

ကိုယ်တိုင်ကလည်း ပြိုင်မယ်လို့ ပြောလိုက်တာနဲ့ မျက်တောင်တစ်ချက်ခပ်ချိန်တောင် မစဉ်းစားပဲ လက်ခံတဲ့သူ ။ အထူးသဖြင့် သူနဲ့ ။

တက္ကသိုလ်ပထမနှစ် မိန်းကလေးတစ်ယောက်ကို ပြိုင်လိုက်မိခဲ့ရာက စ သိပြီး ခု နောက်ဆုံးနှစ်အချိန်ထိ  ပြိုင်လို့‌ ကောင်းနေဆဲပင်။
အကြောင်းအရင်းက ရှင်းပါတယ် သူ ကျွန်တော်ကို အဲ့တုန်းက ရှုံးခဲ့တာမို့ ။ သူ့ကြည့်မရလို့ ရအောင်ကြိုးခဲ့တာက ခုချိန်ထိ မပြီးနိုင်သော တိုက်ပွဲ ။ အဲ့တုန်းက ရခဲ့တဲ့ မိန်းကလေးတောင် နောက်ဘဲထားတာ သုံးယောက်လောက်ရှိနေပြီ ။

" ဘယ်လိုရမှာလဲ ဒါက ဘာတွေ ခက်ခဲတဲ့အရာမို့လို့လဲ "

Td: ဟားး ဟားး ဟားး ဟိုဘက်ကလည်း မဖျက် ၊ မင်းကလည်း ဖျက်မရဆို ဒီဇာတ်က ကရပြီ ထင်တယ် "

" မင်း အဲ့ရုံးမှာ မင်းအစ်မ အရာရောက်တယ်ဆိုတိုင်း သူများ Privacy ကို လိုက်ခိုးကြည့်နေတာပဲ "

Td : စိတ်လျော့ ... ဘာမှ အထူးတလှည် ကြိုးစားပြီး မကြည့်ဘူး ဒီတိုင်း ပွဲပြတ်လား မပြတ်လားပဲ မေးလိုက်ရုံပဲ "

ရယ်စရာမပါလည်း ရယ်နေတဲ့ ဘေးတစောင်းကောင်

Td : ဒါနဲ့ မင်းဘေဘီလေးက မောင်းလို့ကောင်းမှကောင်းပဲ "
ကားသော့ကို လှုပ်ခါပြနေရင်း ပြောနေပုံကိုကြည့်ပြီး ဆွဲထိုးချင်လိုက်တာ ။ သို့သော် AJ နဲ့ JJ က ကိုယ့်ထပ် ပိုဒေါသထွက်မြန်ပြီး အရှေ့ထွက်လာလို့ သူတို့ကို ပြန်ဆွဲနေရသည်။

5.Blind Date (Ongoing)Where stories live. Discover now