နှစ်ယောက်လုံးလုပ်ထားသည့်ကြောင့် မျက်နှာကို မော့မကြည့်ရဲ။

အသက်အားဖြင့် 20ကျော်နေပြီ။ကြည့်လိုက်လျှင်လည်း မခုတ်တက်သည့် ကြောင်အတိုင်းလုပ်နေသည်။

ခက်ထန် ဒေါသမထွက်နေလို့သာ နှစ်ယောက်လုံး ကံကောင်းစွာနှင့် နောက်ဆုတ် နောက်ဆုတ်၍ အခန်းထဲမှ ထွက်လာစဉ်...

" အကိုခက်ထန် အကိုခက်ထန် !! "

ခက်ထန် ကြည့်လိုက်တော့လည်း နှစ်ယောက်လုံးက ပြာသလဲ့။

" အကို့အိပ်ခန်းအထဲ ကျား‌ဝင်နေတာလားမသိဘူး
ကျွန်တော်တို့ဖြတ်လျောက်သွားတာ ပစ္စည်းတွေ သောင်းကျန်းအသံရော အဝတ်တွေလည်း တစ်နေရာစီ ပြန့်ကျဲနေတယ် ကျွန်တော်တို့ ဝင်မကြည့်ရဲလို့ အကိုခက်ထန်ဆီ အမြန်ပြေးလာခဲ့တာ .. ! "

" ဟမ်း !! "

ခက်ထန်ချက်ချင်း မစဉ်းစားမိလိုက်ခဲ့။သူ့စိတ်ထဲ
ထင်ရှားတစ်ယောက် အခန်းမှာ ရှိနေမှာ။သို့ကြောင့် သူ ခြေလှမ်းကျဲများဖြင့် အမြန်ပြေးလာခဲ့သည်။

တွေ့နေ၊ မြင်နေရတာတွေက ဟိုကောင်တွေပြောသည့်အတိုင်း တကယ်စိတ်မချမ်းသာပါလား။ခက်ထန်၏ အဝတ်တွေ အကုန်ကျလိုကျ၊ပြတင်းမှ ပစ်ထုတ်လို ပစ်ထုတ်နှင့်။

" ဘာဖြစ်သွားသေးလဲ ! "

သူအခုထိ သတိမထားမိသေး။ကျားဝင်မွှေထားသည်ထင်၍ 'ထင်ရှား ထိခိုက်မိသွားလား' ဟု သူ့အတွေးထဲ အရင်ဝင်မိသည်။

ထင်ရှား၏ခန္ဓာကိုယ်အချိုးအစားသည် သူ့နဲ့ယှဉ်လျှင် 3ပုံ 2ပုံစွန်းစွန်းမျှသာရှိ၍ အလွယ်တကူ ဆွဲယူလို့ရသည်။အရှေ့၊အနောက် ဝဲဖက် ညာဖက်
အကုန်ကြည့်ပြီးသည့်အခါ ထိခိုက်ရာတစ်ခုမျှမရှ်ိ။

" တော်သေးတာပဲ ! "

" ခွက် !! "

ညာဖက်လက်ဖြင့် ဝိုက်သွားအောင် ခပ်ပြင်းပြင်းထိုးထည့်လိုက်သည်။

ထင်ရှား၏ထိုးချက်ကြောင့် ခက်ထန်နှုတ်ခမ်းထက် သွေးနည်းနည်းစို့သွား၏။

" ကိုယ့်ကို ဘာလို့ထိုးတာလဲ ! "

ထွက်လာသော သွေးစများကို လက်ဖြင့် ဆွဲသုတ်ရင်း သူ ထင်ရှား၏ ညာဖက်လက်ကို ဆွဲဖမ်းလိုက်သည်။

Htan - ထန် ( ‌ရပ်တန့်ထားပါကြောင်း )Where stories live. Discover now