"စံမောင်!"
အပိုင် စောင့်အောင့်ကာခေါ်လိုက်တော့ ချက်ချင်းကိုပြန်ထူးတယ်

"ဗျာ!"

"မင်းလုပ်လိုက်လို့ ကွဲသွားတဲ့မြေအိုးကိုပြန်လျော်ပေး"

"မလျော်ပေးနိုင်ဘူး"

"ဘာ! "

"မလျော်ဘူး 
မလျော်ပေးလို့ပိုင်ဆိုင်မှုတွေသိမ်းမယ်ဆိုလူကိုပါသိမ်း"

"စကားအကောင်းကိုပြောလို့မရဘူး ထထဖောက်တယ် "

"ဟဲဟဲ လူကိုသိမ်းမယ်မလား "

"တော်စမ်းပါ မင်းကိုသိမ်းလို့ငါဘာမှမရဘူး"

"မောင့်အချစ်တွေရတယ်လေ ပိုင်ရဲ့"

ဘာပြောပြောမိမိအားကလူသည့်စကားတွေသာထွက်လာသည့်စံမောင့်ကြောင့်
အံကြိတ်ကာအကြည့်စူးစူးပေးလိုက်သည်
ပြီးတာနဲ့
"နေစမ်းပါဦးဘယ်ကဘယ်လိုငါတို့ဝိုင်းဆီရောက်လာတာတုန်း
ညကရိုက်လွှတ်တာနည်းသွားလို့လား" ဟုခပ်မာမာမေးလိုက်သည်

စံမောင်လက်ထဲကချိုင့်ကိုမြှောက်ပြလိုက်ရင်း
"မဟုတ်ပါဘူးကွာ မောင်ကပိုင်စားဖို့ဟင်းလာပို့တာ" ဟုပြန်ဖြေသည်

"ဒါဆိုအိမ်ပေါ်တက်သွားအရီးမယ်ခရှိတယ်"

တစ်အိမ်နဲ့တစ်အိမ်ဟင်းကောင်းချက်ရင် ဝေစားမျှစားလုပ်တတ်တာဒီဓလေ့မို့
အိမ်ပေါ်သာတက်သွားခိုင်းလိုက်သည်
စံမောင်ကလည်းအိမ်ပေါ်ခပ်သွက်သွက်တက်သွားပြီး
ခပ်သွက်သွက်ပြန်ဆင်းလာခဲ့တယ်

"ဒါနဲ့ပိုင်ဘယ်သွားမလို့လှည်းကောက်နေကြတာလဲ"

"တောင်ရွာစုကဘုရားပွဲမှာအရီးကစျေးသွားရောင်းမယ်ဆိုလို့လေ...

ထိုအခါမှစံမောင်သတိရသည်
ပိုင်ကိုဂရုစိုက်နေရတာနဲ့တောင်ရွာစုမှာပွဲရှိမှာမေ့သွားတယ်
အရင်ဆိုသူကဒီပွဲမှာလက်ဝှေ့ထိုးနေကြလေ

"ပိုင်သွားရင်မောင်လည်းလိုက်မယ်လေ"

"သွားမှာကညနေမှ လိုက်ချင်ရင်ကိုယ့်လှည်းနဲ့ကိုယ်လိုက်သိန်းထင်တို့လှည်းကမဆန့်တော့ဘူး"

"သဘောပါ ညနေကျမောင့်ကိုစောင့်ဦးနော် ရွာကအတူထွက်ကြမယ်"

အပိုင် နားအေးပြီးရောသဘောဖြင့်ခေါင်းငြိမ့်ပြလိုက်သည်
စံမောင်ကလည်းသူလိုချင်တာရပြီမို့သိန်းထင်တို့ဝိုင်းကနေ
အပြုံးတွေဝေဆာကာထွက်လာခဲ့တော့သည်

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Where stories live. Discover now