ဆူဆူညံညံအော်ဟစ်နေကြသော လူတွေအားလုံးကိုလဲ လက်ပြကာနှုတ်ဆက်သွားသေးတာကြောင့် Jayရယ်လိုက်မိသည်။
အနိုင်ယူခဲ့ရလို့ ရွှင်မြူးနေတာကမြင်လို့တောင်မကောင်းဘူး ဒီကောင်!

" တကယ့်ကောင်! "

ပုံမှန်ဆို တည်တင်းနေတက်သောမျက်နှာထားဟာ ကစားပွဲတစ်ခုခု၌အနိုင်ရခဲ့ရင်တော့ ကျေနပ်မှုတွေအပြည့်နဲ့ခပ်ပြုံးပြုံးမျက်နှာအနေအထားအားတွေ့ရတက်သည်။
ရွှင်မြူးနေတက်သလို မလုပ်စဖူးခုနကလိုလက်ပြနှုတ်ဆက်တာတွေပါလုပ်လာတက်သည်...။
ရှောင်ကျန့်ဟာ တကယ့်ကိုကလေးကလား...။

........................

" အဆင်ပြေလား ရိပေါ် "

" ​မပြေစရာလားကွာ အရမ်းအဆင်ပြေတယ် "

11:00 Pm ရှိနေပေမဲ့ လမ်းမထက်တွင် လူတွေနဲ့ရှုတ်ရှပ်ခတ်နေဆဲပင်။
အလုပ်ကအပြန် ဖန်ရှင်းနဲ့အတူလမ်းလျှောက်ရင်းစကားတွေဖောင်ဖွဲ့ပြောနေသောကြောင့် အရင်လိုအိမ်အပြန်လမ်းဟာတိတ်ဆိတ်မနေတော့ပေ။

ကားမှတ်တိုင်နဲ့အလုပ်နဲ့ဟာအနည်းငယ်လှမ်းတာကြောင့် သူတို့အချိန်အတော်ကြာလမ်းလျှောက်ရသေးသည်။
မှတ်တိုင်ကိုရောက်တော့ကားအလာကိုစောင့်နေရင်း ဟိုဟိုဒီဒီငေးနေတုန်း ဖန်ရှင်းကသူ့လက်မောင်းအားရုတ်တရက်လာတွဲလိုက်တာမို့ ကြောင်သွားရသည်။

" ဘာ ဘာဖြစ်လို့လဲ "

" ဟိုမျက်နှာရူးကောင် ကြည့်နေလို့ "

" ဟမ် ဘယ်သူလဲ "

ခုနကတင်ပြုံးရွှင်နေသော ဖန်ရှင်းရဲ့မျက်နှာက ချက်ချင်းပဲစူပုတ်သွားတာမို့ ရိပေါ် ဖန်ရှင်းမေးငေါ့ပြသောနေရာသို့ လှမ်းကြည့်လိုက်သည်။

နီညိုရောင်ဆိုင်ကယ်ကိုမှီပြီးဆေးလိပ်သောက်နေရင်း သူတို့ဘက်ကိုစိုက်ကြည့်နေသော လူတစ်ယောက်...
တော်တော်လေးချောပေမဲ့ မိုက်တီးမိုက်ကန်းပုံစံကြောင့် အမြင်တော့ကပ်ချင်စရာ...
ဖန်ရှင်းပြောသလို မျက်နှာရူးတော့မဟုတ်ပေ။

သူ့ကြည့်တာကိုမြင်တော့ သောက်လက်စဆေးလိပ်တိုကို အောက်ချပြီးရှူးဖိနပ်ထိပ်ဖျားနဲ့ နင်းခြေချလိုက်သည်။
ဒါပေမဲ့ အကြည့်တွေကဘာလို့အဲ့လောက်ထိကြောက်စရာကောင်းနေရတာလဲ...

Bittersweet Love Donde viven las historias. Descúbrelo ahora