Part 5: That Begin ....

Start from the beginning
                                    

      " နေဝင်တော့မယ် .... သိလား
အခုကျွန်တော်တို့နှစ်ယောက်က ...  သဲပြင်ပေါ်မှာ
ထိုင်နေကြပြီး နေဝင်တာကိုကြည့်ကြမှာ
Chimon ရဲ့ရှေ့တည့်တည့်မှာ နေဝင်ခါနီးမြင်ကွင်းက
အရမ်းလှတာ .... ခံစားလို့ရလား "

ဘာလို့မျက်ရည်ကျမိနေပါလိမ့် .....

     " ဘာလို့ငိုနေရတာလဲ ကလေးလို .....
ဒီလိုအရာတွေကိုမြင်ရတော့မှာပါ .....  "
      " မဖြစ်နိုင်လောက်ပါဘူး ...... "
      " ဘာလို့မဖြစ်နိုင်ရမှာလဲ ..... မွေးရာပါမှမဟုတ်တာ ..... မင်းမျက်လံုးတွေကပြန်ကောင်းနိုင်သေး
တယ် .... အဲ့ဒါတွေပြန်ကောင်းလာအောင် လုပ်ပေး
မယ် ..... "

ကျေးဇူးပြုပြီး ဒီထပ်ပိုပြီး ..... ကြွေဆင်းအောင်မပြော
ပါနဲ့တော့လား ....

     " ဘာလို့ ..... အဲ့လိုလုပ်ပေးချင်တာလဲ
ကျွန်တော်က .... သနားစရာကောင်းလို့လား "

ခဏတာ သူတိတ်ဆိတ်သွားတယ် ....

     " မဟုတ်ရင် .... ကျွန်တော့်ကို တကယ်သခင်လို
ခံယူထားလို့လား .... သစ္စာစောင့်သိတာလား "

ထပ်ပြီး စကားသံမကြားရပြန်ဘူး .....

      " ဒါမှမဟုတ်သေးရင် .... သဘောကျလို့လား
ကျွန်တော့်ကို  "

သတ္တိရှိရှိ အဲ့မေးခွန်းကို ဘာလို့မေးလိုက်မိပါလိမ့် ....
သူဘယ်လိုတွေးနေလဲ သူ့အတွေးကိုမသိနိုင်ဘူး 
သူဘယ်လိုအကြည့်နဲ့ကြည့်နေလဲ သူ့မျက်လံုးတွေကို
မမြင်နိုင်ဘူး
သူဘယ်လိုပြောလာမလဲဆိုတာလဲ အခုထိ မကြားရ
သေးဘူး

       " ကျွန်တော့်ကို .... သိလို့လား .... မြင်ဖူးလား
ကျွန်တော်က .... ဘယ်လိုလူလဲ သိလား
ဘယ်လိုမျိုး မိသားစုကပေါက်ဖွားလာပြီး ....
ဘယ်လိုပံုစံနေထိုင်နေလဲ .... သိလား "

ဆွံ့အနေမိတယ် ..... ဟုတိတယ်
ငါဘာမှမသိဘူး .... ဒါပေမယ့် .....

      " အချစ်ဆိုတာ ..... တခြားအရာတွေကြည့်ဖို့
လိုအပ်လို့လား "
      " အဲ့ဒါဆိုရင် အချစ်ဆိုတာရော .... လွယ်လွယ်
ဖြစ်လာတဲ့အရာလား .... လူတွေကချက်ချင်းချစ်တယ်
ဆိုတာမရှိဘူး ..... စပြီးသဘောကျကျတယ်
တွဲကြည့်ကြတယ် .... နမ်းရှိုက်ကြည့်ကြတယ်
အဲ့နောက်မှာမှ ခဏတာလား .... ရေရှည်လားဆိုတာ
ဆံုးဖြတ်ကြတာ ..... "

Light Where stories live. Discover now