Part 2 : His Name

Start from the beginning
                                    

" သခင်လေး .... ဘာလုပ်နေတာလဲ "
" Happy ကိုမတွေ့တော့ဘူး ..... "
" ဟမ် ..... Happy ကသူ့အိပ်ရာမှာသူရှိနေမှာပေါ့ "
" မရှိဘူး ..... ငါနိုးတော့သူ့ကိုရှာမရတော့ဘူး
သူကငါ့အသံကြားတာနဲ့ ငါ့ဆီလာတတ်တယ် ....
အခုမရောက်လာဘူး ..... ရှာပေးပါ ..... "

ဒီခွေးလေးကို မိုးရေထဲထိ အသည်းအသန်လိုက်ရှာ
နေတာလား .....

" ဟုတ်ပြီ .... ရှာပေးမယ် .... ရအောင်ရှာလာမယ်
ဒါကြောင့် သခင်လေးက .... အရိပ်ထဲဝင်နေပေးပါ
ကျွန်တော်ရှာပေးမယ် .... မိုးရွာနေတယ်လေ "
" မဝင်ဘူး .... သူ့ကိုသာရအောင်ရှာ ....
ငါလဲရှာမှာ "
" စိတ်တိုလာပြီ တကယ် .... မြင်လဲမမြင်ရပဲ
ဘာက်ိုရှာမှာလဲ !!!!! "

ဒေါသထွက်ပြီးအော်လိုက်မိပြီးမှ .... သိမ်ငယ်သွားတဲ့
သူ့မျက်နှာကိုတွေ့လိုက်မိတယ်
အာ .... ငါစကားမှားသွားပြီ

" ကျွန်တော် ..... ကျွန်တော်ပြောချင်တာကလေ "
" တံခါးရှေ့မှာ စောင့်နေမယ် ..... ရှာခဲ့ပေးပါ "

သူ့သဘောနဲ့သူ တံခါးမကြီးရှိရာကို ဖြည်းဖြည်းချင်း
လျှောက်သွားတယ် .....

" Happy ရေ ..... တကယ်ပဲ ဘယ်ရောက်သွား
တာလဲ "

ခွေးလေးတွေက မိုးရွာတာကိုကြောက်ကြတာများ
တယ်မလား .....

      " Happy ...... "

ပြေးဖက်ပြီးတောင်နမ်းပြစ်လိုက်ချင်တယ်
သစ်ပင်ကြီးအောက်မှာ ကြောက်ကြောက်နဲ့ထိုင်နေတာ
ကို .....
မိုးခြိမ်းသံကို သူလန့်နေတယ်ထင်တယ်

      " ရှာတွေ့ပြီ ..... "

တစ်ကိုယ်လံုးစိုရွှဲနေတဲ့ ခန္ဓာကိုယ်နဲ့ သူ့ခွေးလေးကို
ပွေ့ချီလိုက်တယ်

      " ကလေးလေး ..... ဘယ်တွေလျှောက်သွားနေ
တာလဲ ..... ပါးပါးကသားကိုလိုက်မရှာနိုင်တာ သိရဲ့
သားနဲ့ ဘယ်တွေထွက်သွားတာလဲ ... ဟင် "
      " မိုးတွေအရမ်းရွာနေတော့ ကြောက်နေတာထင်
တယ် ..... ဒါကြောင့် သူထွက်မလာတာ
ဒါနဲ့လေ ..... "

ရေတွေစိုနေတဲ့ လက်နှစ်ဖက်နဲ့ ကျွန်တော့်ပါးပြင်ကို
ရုတ်တရက်လာကိုင်တာကို ကောင်းကောင်းခံစားလိုက်
ရတယ် ......
အေးစက်နေရာကနေ ...... တစ်ကိုယ်လံုးကအပူငွေ့
တွေတစ်လိမ့်လိမ့်တက်လာခဲ့တယ်
ဘာပါလိမ့် .... ဒီထူးဆန်းတဲ့ခံစားချက်ကြီးက

Light Where stories live. Discover now