ဒါကျွန်တော့်ရဲ့အိမ်ဆိုပေမယ့် ..... ကောင်းကောင်း
မသွားနိုင်ပါလား ....
တစ်သက်လံုးနေခဲ့တဲ့ အိမ်ကို .... ဘာလို့ကောင်း
ကောင်းမသွားနိုင်ရတာလဲ

     " ပြန်လာပြီလား .... "

အဖေ့ရဲ့အသံက အင်အားတစ်ခုပါပဲ .... အဖေက
ကယ်တင်ပေးမှာ
ဒီမျက်လံုးတွေက ခဏတာပါ .... အဖေကကုပေးမှာ

     " အဖေ ..... "
    " အဖေအရင်ပြောစရာရှိတယ် ..... မင်းချင်းမိုင်မှာ
နေဖို့ စံအိမ်တစ်လံုးစီစဉ်ပေးထားတယ်
အခြံအရံအပြည့်အစံုနဲ့ ..... ဘာမှပူစရာမလိုအောင် "
     " အဲ့ဒါက .... ဘာစကားလဲ .... အဖေ "
     " မင်းအပြစ်ကျူးလွန်ခဲ့တာကို .... ပြန်ဆပ်ရမယ် "
    " သားနားမလည်နိုင်ဘူး .... ဘာကိုပြောချင်တာလဲ
ဆိုတာ .... "
     " မင်းကို .... ပြစ်ပယ်လိုက်တာ Chimon "

ယိုင်လဲမသွားအောင်သေချာထိန်းယူရတယ် ....
ဒါက .... တကယ်အဖေပြောနေတာဟုတ်ရဲ့လား ....
      " အဖေ .... "
      " သားလေး .... ငါတစ်သက်လံုး ဒီနေရာရဖို့
ကြိုးစားခဲ့ရတာ .... ငါမလဲနိုင်ဘူး
အမြဲဂုဏ်ယူစရာကောင်းပြီးနာမည်ကြီးတဲ့မင်းက ....
ဒီလိုအမှားမျိုးကို ကျူးလွန်လို့ .... ပိုပြီး ... ဆိုးဝါးကုန်
တာ
လူထုရဲ့အသနားခံကြရအောင် ..... မင်းကို .... မျက်လံုးမမြင်တဲ့သူတစ်ယောက်အနေနဲ့ ခဏ
လောက်ဂရုဏာသက်တာကို ခံကြရအောင်
ပြီးတာနဲ့  ငြိမ်သက်သွားတာနဲ့ အဖေက .... မင်းကို
အကောင်းဆံုးလုပ်ပေးမှာ "

အဖေ့ရဲ့နှစ်သိမ့်စကားကို .... ယံုခဲ့မိတာလား
ငါကိုယ်တိုင်ကိုက.... တံုးအမိတာလား
ဒါမှမဟုတ် ကံတရားကပဲ .... ရက်စက်ခဲ့တာလား
တစ်ခဏဆိုတဲ့အချိန်က .... တစ်နှစ်ကျော်တောင်
ကြာသွားတာလား .....

မမြင်ရဘူး .... မမြင်ရသေးဘူး ....
အခုနေနေတဲ့အိမ်အသစ်က ဘယ်လ်ိုပံုစံလဲ
လူတွေက ဘယ်လိုပံုစံလဲ .... မမြင်ရသေးဘူး
ဒါပေမယ့် အဖေကတော့ နာမည်ကောင်းရနေပြီ
အကိုကတော့ လုပ်ငန်းတွေအဆင်ပြေနေတယ်
ငါကရော .... ဒီအိမ်ကြီးထဲမှာ ဘယ်လောက်တောင်
ပိတ်လှောင်ခံရဦးမှာလဲ .....

     " မဂ်လာပါ .... Perth Tanapon လို့ခေါ်ပါတယ် "
     " ကိုယ်ခံပညာတွေတော်တော်တတ်ထားတာပဲ .... "
     " ဟုတ်ကဲ့.... "
     " ဒီအိမ်ကသခင်လေးကို ကာကွယ်ဖို့သင့်တောိ
မှာပါ "
     " ဒါနဲ့ တခုလောက်မေးပါရစေ .... ဘာလို့ .... လစာ
ကလေ .... အရမ်းများလွန်းနေတာလဲ "

အိမ်တော်ထိန်းကြီးရဲ့ သက်ပြင်းချသံကကျယ်လောင်
စွာထွက်ပေါ်လာတယ်

     " သခင်လေးက ကိုင်တွယ်ဖို့ခက်ခဲတဲ့သူမို့လို့
အဓိက သူ့ကိုကာကွယ်ရမှာက .... သူကိုယ်တိုင်ဆီက
မို့လို့ .... သူ့ကိုသူအနာတရဖြစ်အောင်လုပ်တတ်တယ်
စိတ်အခန့်မသင့်ရင် မင်းတို့အနာတရဖြစ်နိုင်တယ်
မှန်းဆရခက်ပြီး ..... စိတ်ခံစားချက်ပြင်းထန်တယ်
အဲ့လိုအချက်တွေကိုလက်ခံပြီးလုပ်နိုင်ပါ့မလား "
      " ဘာဖြစ်ဖြစ် ကျွန်တော်ကပိုက်ဆံလိုနေတာမို့လို့
လုပ်ပါ့မယ် ..... အကောင်းဆံုးကြိုးစားပါ့မယ် "

                   Part (1) Coming

Light Where stories live. Discover now