.......................................
"Happy birthday to you"
"Happy birthday to you"

အိမ်ကြီးထဲမှာ သီချင်းသံတွေ ပျံ့လွင့်နေသည်။ သူကြီးရဲ့ မိခင်မွေးနေ့မို့ ရပ်နီးရပ်ဝေးမှ အသိမိတ်ဆွေများ လာကြသည်။ဖွားဖွားကြီးမှာ အသက်တစ်နှစ်ရှင်သန်ခွင့်ရပြန်ပြီ ပျော်စရာမဟုတ်ပါလား။

ဖွားဖွားဟာ တုန်ရီစွာနဲ့ ကိတ်မုန့်ကို လှီးအပြီးမှာ သားဖြစ်သူ သူကြီးနှင့်ချွေးမ ဖြစ်သူကိုကိတ်အရင်ခွံ့သည်။ ပြီးမှ တစ်ယောက်ပြီးတစ်ယောက်...…..

မဏ္ဍအတွင်းမှာတော့ စားဖွယ်စုံလှသည်။ ကြီးစွာသောမွေးနေ့အလှူမို့ စည်ကားသိုက်မြိုက်ရုံမက ပီတိဖြစ်ဖွယ်ကောင်းလှသည်။ "သိပ်ချစ်"တို့ အဖွဲ့က ကူလုပ်စရာရှိသမျှ ကူပေးနေကြသည်။ အလွန် အောက်သက်ကျေလှသည့် ခေတ်ပညာတတ်လူငယ်လေးများ မဟုတ်ပါလား။
........................................
အချိန်အားဖြင့်ညနေ ၆နာရီခန့်ရှိမည်။ သူကြီးက ညပွဲအစီအစဉ်ထပ်ကျင်းပသည်။ ဒီတစ်ခါတော့ လူကြီးပိုင်း ဖြစ်ပြီး အသောက်အစားပါသည်။

"တူကြီး၊ တူမကြီး တို့ ဘကြီး သိပ်ကျေနပ်တယ်ကွာ..ကူညီပေးလို့ ကျေးဇူးတင်တဲ့ အနေနဲ့ ဒီည ကြိုက်သလောက်ပါဗျာ"

သူကြီးက လက်ထဲမှ ပုံး တစ်ပုံးပိုက်လာသည်။ ယမကာ ပုံးဆိုတာ ငြင်းစရာမလို။

"ကျွန်တော်တို့ အကြိုက်ပါပဲ ဘကြီးရေ" နေနိုင်က ပြောသည်။

"ကဲ..ကဲ မင်းတို့ကြိုက်ရင်ဖြင့် တစ်ပုံးလုံး ထားခဲ့မယ်ကွ..ဟိုဖက်မှာ အသားကင်တွေရှိတယ် လိုရင်ထပ်တောင်းလှည့်ကွ"

"ကျေးဇူးပါရှင့်၊ ကျေးဇူးပါဗျ"
.........................................
သူငယ်ချင်း လေးယောက်မှာ အသောက်အစားကြီးသူတွေချည်းပင်။ သိပ်ချစ် မှာမူအသောက်အစားကျူးသည့်အထဲ မပါပေ။

"ကောင်းလိုက်တာ အညာထန်းရည် ကွ"

"ဟဲ့ မိငယ် ကောင်းမနေနဲ့ ငါ့လဲငှဲ့ပေးစမ်းပါ"
လွယ်လင်က မိငယ်ကိုပြောသည်။

"အိုက်ရှားပါးး ကျွတ်နေတာပဲ အသားကင်က မိုက်တယ်ကွာ တို့စားနေကျ ဟိုတယ်တွေက အသားကင်ထက်တောင်ကောင်းနေသေးတယ်"

"အချစ်တဲ့လား"Where stories live. Discover now