အပိုင်း ၅ ZG

Start from the beginning
                                    

ရှန်းဝမ့်ချုံးက " မင်း အခု လုပ်ငန်းစု ဥက္ကဋ္ဌကြီး ဖြစ်နေပြီကို ဘာလို့ ချွေတာနေသေးတာလဲ။ "

လု‌ယောင်က " အဲလို ကိုယ်ချွေတာတော့ ပိုက်ဆံ စုမိတာပေါ့။ "

ရှန်းဝမ့်ချုံး : " မင်းက အတော်ချွေတာတတ်တာပဲ။ ဒါပေမဲ့ ဥက္ကဋ္ဌလု အနာဂတ်မှာ  မင်း ကောင်မလေးတစ်ယောက်နဲ့ ဒိတ်မယ်ဆို ပိုပြီး ရက်ရောပြဖို့ သတိရအုံး။  မဟုတ်ရင် မင်းဒိတ်နိုင်ဖို့ ခက်လိမ့်မယ်။ "

လုယောင်သည် တစ်စုံတစ်ခုကို တွေးနေဟန်ဖြင့် ခေတ္တဆိုင်းနေရင်းသားမှ တွေးဆဆဖြင့် " ကိုယ်အ‌ရင်တုန်းက blind date တစ်ခု Dateဖူးတယ်။ အဲဒီမှာ ကူပွန်နဲ့ ပေးလိုက်ပြီး ငွေချွေတာနိုင်တာပဲလေ။ " ဟု ပြောလေသည်။

" နောက်တော့ ကိုယ့်အတန်းဖော်က ကိုယ့်ကို ရည်ရည်မွန်မွန်နဲ့ အားကိုးရလောက်တဲ့ အမူအရာ မရှိသေးဘူးလို့ ပြောလာကော။ "

ရှန်းဝမ့်ချုံး : " ဟားဟားဟားဟား"

' လုယောင်က Blind Date သွားဖူးသေးတာလား။ ၎င်းရဲ့ အခုပုံအတိုင်းဆို ၎င်းကို လက်ထပ်ချင်မဲ့ မိန်းမ မရှိလောက်ဘူး။ '

ကျောင်းမှာတုန်းက လုယောင် လက်တစ်ဖက်မရှိသည်ကိုပင် ကောင်းမလေးများ ဝိုင်းဝိုင်းလည်နေသည်။

အခုတော့ လုယောင်လည်း နှလုံးသားရေးရာတွေးသင့်ပြီ။ သူတို့က ငယ်တော့သည်မှ မဟုတ်။ အခုဆို နှစ်ဆယ့်ရှစ်နှစ် ရှိနေပြီ။ နောက်ဆို သုံးဆယ်ရောက်တော့မည်။ အချို့လက်သွက်သည့် အတန်းဖော်များဆိုလျှင် ဒုတိယကလေးရလျှင်ရ သို့တည်းမဟုတ် ဒုတိယအိမ်ထောင် ရနေကြပြီဖြစ်၏။ Blind Date ဆိုသည်ကား ပါမွှားပင်။

လွန်ခဲ့သည့် ဆယ်နှစ်က သူတို့နှစ်ယောက် လုံးဝ အဆက်အသွယ်မရှိသည့်အပြင် လုယောင်သည်လည်း သူ့ထံ လုံးဝပေါ်မလာပေ။
၎င်းသည် ကိုယ့်ဘဝနှင့်ကိုယ် နေပျော်နေပြီဖြစ်သည့်အပြင် dateလည်း date ဖူးသည်။ လုယောင် ဆယ်ကျော်သက်အရွယ်က လိင်တူသူငယ်ချင်းအပေါ် ချစ်ကြောင်းဝန်ခံသည်မှာ အိပ်မက်ဆန်သော ကျီဆယ်မှုဖြစ်ပေလိမ့်မည်။ နိုးထလာတော့ ၎င်းသည် သမားရိုးကျ လိင်စိတ်ခံယူမှုရှိကြောင်း သိလာခြင်းပင်။ ယခုအချိန်တွင် ၎င်းသည် လမ်းကြောင်းမှန်ပေါ်တွင် တည်ရှိနေပြီး အားလုံးက မနာလိုကြရလောက်အောင် အရည်အချင်းရှိသည့်သူ ဖြစ်နေပေပြီ။

တစ်လက်ကိုင် အချစ်သဝဏ်လွှာ - Second Hand Letter (ဘာသာပြန်) Where stories live. Discover now